🔥မှောင်ရီပျိုး🔥
part 16
ပျိုး နိုးနေတာနဲ့ဘဲ စောစောထကာ ထမင်း ဟင်းချက် လိုက်သည် မြတ်သောအိမ်မှာဆိုတော့လဲ ပျိုး ကအလုပ်မရှိတဲ့လူ တာဝန် ဝတ္တရား တော့မပျက်ကွက်သင့် ။ ပျိုး သည်ဘယ်လောက်ပဲ မွန်မြတ်သော နှင့်ခင်မင်ရင်းနှီးပါစေ နေရာထိုင်ခင်းပေးထားသည့်အတွက် ထိုအသေးအဖွဲ့လေးတွေတော့လုပ်သင့်သည်မဟုတ်လား။
မွန်မြတ်သော မျက်နှာသစ်ပီး မီးဖိုထဲဝင်လာတော့ တလှုပ်လှုပ် ဟိုသွားဒီသွားနဲ့အလုပ်ရှုပ်နေသည့်မှောင်ရီပျိုး ကိုမြင်လေသည် ။ ဆံနွယ်တို့ဟာလည်း ပြေလျော့ ကျနေပေမဲ့ မြတ်သော မျက်လုံးထဲတွင်သူ၏ အကြီးဆုံးအစ်မကိုသာမြင်ယောင်နေမိတော့သည်
"ပျိုး အေးအေးဆေးဆေးအိပ်နေတာမဟုတ်ဘူး ဘာလို့ ဒါတွေထလုပ်နေတာလဲ"
ပျိုး မြတ်သောကို ခပ်ပြုံးပြုံး နဲ့သာစကားဆိုလိုက်သည်
" ဘယ်လိုလို့အိပ်နိုင်မှာလဲ ခေါက်ဆွဲခြောက်ထုတ်တွေ အမှိုက်ပုံးထဲမှာပြည့်နေတာဘဲ နေ့တိုင်း ခေါက်ဆွဲဘဲစားပြုတ်စားတော့မလို့လား"
"မဟုတ်ပါဘူး ငါအားနဲ့အချိန်တွေဆိုရင်တော့ ထမင်းစားပါတယ်"
"အဲ့တာတွေထားပါ ငါလဲရှိတာလေးတွေချက်ထားလိုက်တယ် ပီးမှဘဲ နင်အလုပ်ပြန်မှ အသား၊ ငါး စားချင်ရင်ဝယ်ခဲ့လိုက်လေငါချက်ပေးမယ်"
"တော်ပါပီ အသဲကွဲနေတဲ့သူငယ်ချင်းကိုမခိုင်းစားရက်ပါဘူးဟာ"
ပျိုး မြတ်သော ပြောသည့်စကားကိုပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ချေ ။ မြတ်သော ပြောသည့်စကားဟာလည်း မှန်နေသည်မို့.....
"ဒါနဲ့ နင်ဘာအလုပ်လုပ်တာလဲ မြတ်သော"
"ငါလား"
"အင်း"
"ငါက ပြောရမယ်ဆိုရင်ဟာ ကောင်လေးအငှားလိုက်တာ"
"ဘယ်လို"
"ဒီလိုဟာ အခုခေတ်ကကွာ b & b တွဲတာများတယ်လေ ....."
"အဲ့တာတခြားယောက်ျားလေးတွေကလာငှားရင်လိုက်သွားရတာလား အဲ့လိုပုံစံလား"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"