part 18 ( Unicode )

11.1K 367 27
                                    

🔥မှောင်ရီပျိုး🔥

part 18

ဘုန်း!!

စောအံ့ဗျူဟာ စကားမဆုံးခင် တံခါးကိုဒုန်းကနည်းတကန်ကာဝင်လာသည့်လူကြောင့် မှောင်ရီပျိုး မျက်လုံးလေးအရောင်လတ်သွားကာ နှုတ်မှလွှတ်ကနဲ့ထွက်သွားသောနာမ်စား

"မောင်"

"ပျိုး!!"

စောအံ့ဗျူဟာ သူမဟုတ်တဲ့တခြားတစ်ယောက်ကို မှောင်ရီပျိုး ကမောင် လို့ခေါ်နေတာကြောင့် မျက်ခုံးကျုံ့မိသွားသလို ထိုနာမ်စားဟာသူမဟုတ်တဲ့တစ်ခြား တစ်ယောက်အားမောင်လို့ခေါ်နေသည်ကိုမလိုမကျပေ။

"အို.. ဟို မင်းသားလေးကိုလာကယ်တာလား မင်းသမီးလေးကိုလာကယ်တာလား ဒါပေမဲ့ မင်းလာကယ်တဲ့လူက ယောက်ျားမဟုတ်မိန်းမမဟုတ်ဆိုတော့ ‌ဒွိလိင်လို့ပြောလိုက်ရမှာလား"

"ပျိုး ကိုငါ့ဘာသာငါလာခေါ်တာမင်း စောက်ကြောင်းပါလား "

"ဟ မာလိုက်တာကွာမင်းအသံက.... ပျိုး မင်း မောင့် အကြောင်းသူ့ကိုမပြောထားဘူးလား"

"မင်း ကငါ့အတွက်အရေးပါလို့လားပြောပြရအောင်"

တစ်ချိန်က သူ့ကိုတန်းတန်းဆွဲဖြစ်နေသည့် ပျိုး ဟာအခုတော့တခြားတစ်ယောက်အတွက်နဲ့သူက အရေးမပါတော့ကြောင်းပြောနေသည်တဲ့လေ အခုလဲ ပျိုး ကသူ့ပေါင်ပေါ်မှာဆိုတာ နဲ့ တစ်ဖက်အခန်းမှာ သူ့အဖွဲ့ရှိတယ်ဆိုတာမေ့နေတာနဲ့တူတယ်

"စောအံ့ဗျူဟာ လွှတ်လိုက်တော့ ငါ့ရဲ့ပျိုး ကို မင်းမလွှတ်ပေးရင်ငါ့အဆိုးမဆိုနဲ့"

"OMG ငါကကြောက်ရမှာလား ကျန်ရစ်မောင် ။ မင်း က လှပျိုဖြူ အလှည့်တုန်းကလဲကျန်ခဲ့တဲ့လူဘဲ အခုပျိုး အလှည့်လဲ နာမည်နဲ့လိုက်အောင် ကျန်ရစ် ခဲ့ အုံးမှား ဟား ဟား"

ပျိုး ကြားလိုက်ရသည့်စကားကိုမယုံနိုင် ။ လှပျိုဖြူ တုန်းက မောင် ရောလား မောင်ဘာလို့ပျိုး ကိုမပြောပြတာလဲ မောင် ကပျိုး ကိုတစ်ခွန်းမှမပြောခဲ့ဘူး

"မင်း စောက်ပိုတွေမပြောနဲ့ အဲ့တုန်းကလဲ ဖြူ ကမင်းကိုမကြိုက်ခဲ့ဘူး အခုတောင်ကြိုက်သေးလို့လား"

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now