part 4 ( Unicode )

12K 337 5
                                    

မှောင်ရီပျိုး

part 4

စောအံ့ဗျူဟာ နဲ့ မှောင်ရီပျိုး တို့နံနက်စောစောထကာခရီးနှင်လာခဲ့ကြသည်။ ဆောင်းဦးဖြစ်တာကြောင့် ဆောင်းဟေမန်၏ အအေးဒဏ်ကလဲပြင်းထန်လှသလို အရုဏ်ဦးကားပို၍ချမ်းစိမ့်စိမ့်ဖြစ်နေပြန်၏ ရှမ်းပြည်သို့လာသည့်လမ်းတစ်လျှောက်တွင်လဲဘေးတစ်ဖက်တစ်ချက်စီတွင် နေကြာပန်းရိုင်းလေးများအစီအရီဖူးပွင့်နေကြသည်က မြင်သူတိုင်းစိတ်ရွှင်လန်းစေသလိုရှမ်းပြည်၏လွမ်းမောဖွယ် မြင်ကွင်းတစ်ခုဖြစ်သည်။

"စောအံ့ဗျူဟာ"

ကားမောင်းနေရင်းမှဘေးကနေလေပြေလေးအလား သိမ်မွှေ့ပီးတိုးလျသောအသံလေးကြောင့် စိတ်လန်းဆန်းသွားသလို....

"အင်း"

"မင်းကရှမ်းပြည်ဘက်ကိုလာနေကြလား"

"ဆိုပါတော့ဗျာ ကျုပ်ကရှမ်းပြည်မှာ နဂါးမောက်ခြံတွေလဲရှိတော့ တစ်လတစ်ခါ ဒါမှမဟုတ် တစ်ပတ်တစ်ခါလာဖြစ်တယ်"

"ဒါနဲ့မင်းကရှမ်းလူမျိုးလား"

"ကပြား ကရင် နဲ့ ရှမ်း ဆက်တယ်"

"ဪ......"

ပျိုး ဪ ဆိုပီးအသံရှည်ရှည်ဆွဲရင်း‌မှကားမောင်းနေသည့် စောအံ့ဗျူဟာ ဆိုသောကောင်ငယ်လေးကိုကြည့်မိပြန်သည် ဒါက ပျိုး ကောင်ဆိုးလေးကို ကြည့်တာ ဒုတိယအကြိမ်မြောက်ဖြစ်၏
ပျိုး ကြည့်မိလေတိုင်းလည်း ကောင်ငယ်လေး က ငယ်ငယ်ရွယ်ရွယ်နဲ့လုပ်ငန်းပေါင်းများစွာလုပ်တာကိုလဲ စိတ်ထဲချီးကျူးမိပါရဲ့....

စောအံ့ဗျူဟာ ကားသာမောင်းနေပေမဲ့ သူ့ဘေးကတစ်ယောက်ကကကြည့်တာကြာနေပီဖြစ်တာကြောင့် ပြုံးရင်းကနေ

"ကျုပ် ကကြည့်လို့ကောင်းသလား မှောင်ရီပျိုး"

"ဟင်!!"

"ကြည့်လို့ကောင်းသလားလို့ "

"မ.....မကောင်းပါဘူး"

ရှက်လိုက်တာ မှောင်ရီပျိုး ရေကိုယ်သိက္ခာကိုယ်ထိန်းပီးလဲငေးအုံးမှပေါ့ သူခိုးလူမိသလိုဖြစ်နေပီ ရှက်လိုက်တာနော်....

သူပြောလိုက်မှကားမှန်ပြင်ကိုလှည့်သွားသူ တကယ်ကိုအူယားပါတယ် အပျိုကြီးမမရယ်ပါ

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now