🔥မှောင်ရီပျိုး🔥
part 27
ဝေယံမင်းသော် သူပြန်လာပီးဖြစ်ကြောင်းသတင်းပို့ဖို့ အိမ်ထဲဝင်သွားတော့ ထမင်းစားပွဲဝိုင်း တွင်တွေ့လိုက်ရသည့် လူတစ်ယောက်ကြောင့် အံ့ဩသွားရကာ
"အန်တီအံ့ ဘယ်တုန်းကပြန်ရောက်နေတာလဲ"
"မင်း အစ်ကိုလေးပေါ့ လာပါ လာပါ နဲ့တကျီကျီလုပ်နေလို့လာလိုက်ရတာ"
"ဪ.... အစ်ကိုလေးတို့ကတော့ ဇွတ်ပဲ"
"ဒါနဲ့ မင်းရော အခြေအနေ"
အစ်ကိုလေးကမေးလာတာကြောင့် ဝေယံမင်းသော် စပ်ဖြီးဖြီးနဲ့
"အဆင်ပြေခဲ့ပါတယ် နေရာစုံလျှောက်လည်ခဲ့ရတယ်"
ဒေါ်အံ့ရတနာ ဘာကိုမေးနေတာလဲမသိတာကြောင့် စောအံ့ဗျူဟာ ကိုမေးငေါ့ပြလေတော့ စောအံ့ဗျူဟာ ဝေယံမင်းသော်ကိုထမင်းစားရင်းမှတစ်ချက်ပြန်ကြည့်ပီး
"မာမီ့ ရဲ့ရုပ်တည်တည်နဲ့တူကအရင်လိုမဟုတ်တော့ဘူး ကောင်လေးရှိနေပီ ဒီနေ့သွား date တာတဲ့အဲ့ကောင်လေးနဲ့"
"ဪ အဲ့လိုလား"
ပျိုး သူတို့စကားဝိုင်းထဲဝင်မပါဘဲ ထမင်းစားရင်းသာနားစွင့်နေလိုက်သည် ။ ဘာလို့ဆိုတချို့နေရာတွေကဝင်ပါလို့မကောင်းဘူးလေ ။ ပျိုး ထမင်းစားနေရင်းမှပျိုး ပန်းကန်ထဲ ငါထည့်ပေးလာသည့် စောအံ့ဗျူဟာ ကြောင့်ပျိုး ထမင်းကိုဆက်မစားတော့ဘဲထိုင်နေလိုက်သည် ဒါကိုမြင်သည့် စောအံ့ဗျူဟာက
"ပျိုး စားလေဘာလို့မစားတာလဲ မကောင်းလို့လား"
"ငါ ငါးမစားဘူး "
"ဟင် မောင် တောင်းပန်ပါတယ်ကွာ မောင် နောက်တစ်ပန်းကန်ထည့်ပေး...."
"တော်ပီ ငါဗိုက်ပြည့်ပီ"
ဒေါ်အံ့ရတနာ သူ့ရှေ့ရှိသားဖြစ်သူနဲ့ မှောင်ရီပျိုး ကိုအကဲခတ်ကာကြည့်နေလိုက်သည် ။ ကြည့်ရင်းကြည့်ရင်းနဲ့ တစ်ဖက်ကပျက်တော့မည့်ကြိုး ကို သားဖြစ်သူကလိုက်ဆက်နေတာပင် ။ မှောင်ရီပျိုး ဆိုသည့်ကောင်လေးကလည်း သားနားကတကယ်ပင်ထွက်ပြေးချင်နေသလို.... သားဖြစ်သူကလဲ ထွက်သွားခွင့်မပေးနိုင် ။ တစ်ဖက်ကနေနိုင်တယ် သားကသာမနေနိုင်တာဖြစ်မှန်း ထိုနှစ်ယောက်ကိုကြည့်ကာနားလည်သွား၏။
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"