🔥မှောင်ရီပျိုး🔥
part 15
"မောင် သတိရလာပီလား မောင်..."
ပျိုး မိုးလင်းတာနဲ့အိမ်ထဲပြန်ဝင်လာတော့ မောင် ကလှေကားထစ်နားမှာမေ့လဲနေ၏ ကိုယ်တွေလဲပူနေ၍ ပျိုး မောင့် ကိုတွဲကာ အခန်းထဲထိခေါ်လာပီး Family doctor ကိုသာခေါ်ခိုင်းလိုက်သည် မောင့် ရဲ့ တပည့်တွေကိုပေါ့
"မင်း ဘာလို့ဒီကိုရောက်နေတာလဲ ဖယ် သွားငါ့နားမလာနဲ့"
"မ...မဟုတ်ဘူးလေမောင် ။ မောင် နေမကောင်းဖြစ်နေလို့ ဆန်ပြုတ်တော့သောက်မှ....."
"ငါ့ဘာသာနေမကောင်းဖြစ်ရုံမကလို့ သေဘဲသေသေ မင်းစောက်ကြောင်းတစ်ကြောင်းမပါဘူး ငါ့နားမလာနဲ့"
မောင် နေမကောင်းဖြစ်နေလို့ ပျိုး မောင့် ကိုဂရုစိုက်ပေးချင်ရုံပါ ။ မောင် ပြောသည့်စကားဟာ ပျိုး အတွက်ဘယ်လောက်နာကျင်စေလဲမောင်မှမသိဘဲ မောင် ပြောသည့်စကားတိုင်းဟာရင့်သီးပီးခါးသက်လှသည်
"ပျိုး ဘယ်လိုလုပ်မှ မောင့် အမုန်းတွေမရှိတော့မှာလဲမောင် အဟင့် ပျိုး ဖြစ်ခဲ့သမျှတွေအတွက် ပျိုး မောင့် ကိုတောင်းပန်ခဲ့ပီးပီလေ"
"မင်းတောင်းပန်လဲ ဖြူ ကပြန်ရှင်လာမှာလားလို့ မိန်းမမဟုတ် ယောက်ျားမဟုတ်ကောင်"
ပျိုး စိတ်လျှော့ ကာ မောင့် ကိုဆန်ပြုတ်ပန်းကန်ထဲမှဇွန်းနဲ့ခပ်ကာမောင့် ကိုကျွေးလေတော့မောင် က ဇွန်းကိုပုတ်ချလိုက်၏ ဇွန်းလေးဟာကြမ်းပြင်ပေါ်တွက်ခြာခြာရမ်းလျှက်
"ခလွမ်!!"
"ထွီး ....
ရွံတယ် မင်းငါ့အသားကိုမထိနဲ့ ငါ့အခန်းကိုမလာပါနဲ့လို့ငါမပြောထားဘူးလား""မောင် နေမကောင်း......."
"အရေးမပါတဲ့ အဲ့စောက်ကြောင်းတွေနဲ့ အကြောင်းပြချက်လာမပေးနဲ့ မှောင်ရီပျိုး မင်းကိုငါရွံတယ် မုန်းတယ်"
"ဒါဆိုဘယ်လိုလုပ်မှမရွံမှာလဲ ဘယ်လိုလုပ်မှ ပျိုး ကိုမမုန်းမှာလဲ"
"မင်းအိမ်ကထွက်သွားရင်ကောင်းမယ် မင်းဒီအိမ်ကထွက်သွားရင်ကောင်းမှာ ငါ့ရှေ့မင်းအရိပ်တောင်ရောက်မလာစေနဲ့"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"