part 5 ( Unicode )

10K 302 9
                                    

🔥မှောင်ရီပျိုး🔥

part 5

ဒေါ်မိုး မီးဖိုချောင်ထဲထမင်းဟင်းချက်ကာအလုပ်ရှုပ်နေ၏  အစ်ကိုလေးက ရှမ်းဟင်း ရှမ်းထမင်း ကိုစားရတာအလွန်ကြိုက်သည် ။ ခေါပုတ်လဲကြိုက်သူဖြစ်ပီး သီတင်းကျွတ်ကာလဖြစ်၍ ရှမ်းအိမ်တိုင်းအလိုလို  မုန့်ဖတ်ထုပ်မလုပ်သည့်အိမ်မရှိသလောက်ရှားသည်။မုန့်ဖတ်ထုတ် ကရှမ်းလူမျိုးတွေရဲ့ fav အစားအစာတစ်မျိုးဆိုလဲမမှား

‌ဦးမြင့်ဦး မီးဖိုချောင်ထဲဝင်လာပီး တစ်ယောက်ထဲအလုပ်ရှုပ်နေတဲ့မိန်းမဖြစ်သူနားသွားကာ

"မိန်းမ အစ်ကိုလေးတို့ကော ဘယ်သွားလဲ"

"အိပ်နေတုန်းလေ မနေ့ကခရီးနှင်လာတဲ့ဒဏ်နဲ့ပင်ပန်းပီးအိပ်နေရောပေါ့"

"ဪ ....
ကိုယ်ဘာလုပ်ကူရအုံးမလဲ မိန်းမ"

"ပီးပါပီ ဦးမြင့်ဦး ရယ် အစ်ကိုလေးတို့နိုးလာတာကိုစောင့်ရုံဘဲ ပီးတော့... ဒီနေ့ တောင်ပေါ်မှာ ပွဲလဲရှိသေးတယ် ဆီမီး တစ်ထောင်ထွန်းမှာလေ"

"မိုး ကိုယ်တို့လဲသွားရအောင် သီတင်းကျွတ်အတူ...."

‌ဒေါ်မိုး ဦးမြင့်ဦး ကိုမျက်စောင်းလေးခဲလိုက်ရင်း

"အို...မသွားချင်ပါဘူးတော် အိုကြီးအိုမနဲ့ ရှင်ကသူငယ်ပြန်ချင်တာလား ဦးမြင့်ဦး ရဲ့"

"သီတင်းကျွတ် အိုကြီးအိုမ မသွားရဘူးလို့ဘယ်သူကပြောလို့လဲ "

ပျိုး နိုးလာတော့ 9:00 လောက်ရှိပီဖြစ်သည် ကားစီးရတာပင်ပန်းလာ၍ ပျိုး တို့ပင်ပန်းတာနဲ့ရောပီးအိပ်ပျော်သွားခြင်းဖြစ်၏ ပျိုး ဘေးနား ကမောင်က တော့ ပျိုးကိုရင်ခွင်ထဲထည့်ကာ သိုးနေအောင်အိပ်သည်  မောင် ကတော့လာနေကျဆိုတာဘာမှမဖြစ်ပေမဲ့ ပျိုး နဲ့စိမ်းတဲ့အိမ်ဖြစ်တာကြောင့် ထပီး ကူစရာရှိတာတော့ကူသင့်သည်

ပျိုး ထမယ်လုပ်တော့ထုံးစံတိုင်း ပျိုး ရဲ့ခါးကိုတင်းနေအောင်ဖက်ထားပြန်၏ ပျိုး မောင့် ရဲ့လက်ကိုအတင်းတွန်းဖယ်သော်လဲ မရပြန် ဒါ မောင် တမင်သက်သက် ပျိုး ကိုမထအောင်လုပ်တာ ပျိုး အမြင်ကပ်ကပ် နဲ့မောင့် ရဲ့ရင်ဘတ်ကိုလက်သီးဆုတ်လေးနဲ့ထုလိုက်ပီး

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now