part 38 ( Unicode )

1.7K 90 22
                                    

🔥မှောင်ရီပျိုး🔥

part 38

ပျိုး သမီးလေးကို ထမင်းခွန့်ဖို့ ငွေဇွန်းကို ထိုထမင်းပန်းကန်ထဲထည့်ပီး သမီးလေးကိုခွန့်ဖို့ ဇွန်းအားပြန်မလိုက်တော့ ငွေဇွန်းဟာမဲသွားတာကြောင့် ပျိုးထိတ်လန့်သွားရကာ

"မောင်!!"

"မောင် လို့!!"

"ဗျာ့
မောင် လာပီ ပျိုး"

စောအံ့ဗျူဟာ လုပ်နေ‌သည့်အလုပ်အားချကာမှောင်ရီပျိုး ဆီအပြေးအလွှားရောက်လာလေတော့ ရင်ခွင်ထဲတွင်သမီးလေးအားဖက်ထားပီး မျက်နှာလေးဟာမကောင်းပေ မျက်ရည်လဲဝဲနေ၏

"ပျိုး ဘာဖြစ်တာလဲ မောင့် ကိုပြော"

"ပျိုး....အဟင့် ပျိုး သမီးလေးကိုထမင်းခွန့်မလို့ ဇွန်း...ဇွန်း ကိုကြည့်လိုက်အုံးမောင် "

စောအံ့ဗျူဟာ ဇွန်းကို ထိုပန်းကန်ထဲက မ ကြည့် လိုက်တော့ငွေရောင်ဇွန်းဟာ အရောင်ကျွတ်ကုန်ကာ မဲနေ၏ နောက်တစ်ဇွန်းအားထပ်ထည့်ကြည့်တော့လဲအလားတူ ဒါဟာအဆိပ်ဆိုတာသေချာသည် ထိုထမင်းပန်းကန်အားကာစစ်ဆေးကြည့်လိုက်တော့သေချာပေါက်အဆိပ်ဖြစ်နေ၏

မောင့် ကိုပြောတော့ မောင် ကစမ်းသပ်ကြည့်ရာအဆိပ်ဟုပြောသည် ။ ပျိုး သမီးလေးကို ဘယ်သူကအဆိပ်ခပ်သည်မသိ ပျိုး ဒီဇွန်းကိုကြည့်မိလို့တော်သေးသည် အခုလဲ မောင် ကဒေါသထွက်ကာအိမ်ထဲရှိအစေခံများအားခေါ်ကာ မေးနေခြင်းပင်...

"တောက်!!!
အဲ့အဆိပ်ကိုဘယ်သူခပ်တာလဲ "

"မောင် ရယ်စိတ်လျှော့ပါတော့ အဆိပ်ခပ်တဲ့လူကရှိပါ့မလား မောင်ရယ်"

"အဆိပ်ခပ်တဲ့လူရှိလို့ အဆိပ်ကရှိတာပေါ့ ပျိုး ရာ မောင့် ကိုလာမတားစမ်းနဲ့"

မောင် ကပျိုး ကိုအကြည့်လွှဲပီး ‌မောင့် မျက်လုံးထဲတွင်ဒေါသမီးဟာ အရှိန်ပြင်းစွာတောက်လောင်နေ၏

"အခါတိုင်း ကလေး ထမင်းပန်းကန်ကိုဘယ်သူပြင်ပေးတာလဲ"

ဖွေးငယ် လဲကိုယ်မလုပ်ပါဘဲနဲ့ အစ်ကိုလေးရဲ့ဒေါသကြောင့် ကိုယ့်ကို ကိုယ်ပင် လိပ်ပြာမလုံချင်တော့ မေးလို့မဖြေရင်လဲအခြေအနေကဆိုးရုံသာရှိသည်

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now