🔥မှောင်ရီပျိုး🔥
part 28
ပျိုး နှုတ်မှသူ့အားယောက်ျားလို့ထွက်လာတာကြောင့် ပျိုး ကိုဒူးကောက်ကွေးကနေပွေ့ချီလိုက်ပီး အပြင်တွင်ရှိသောထိုင်ခုံတစ်ခုတွင်ထိုင်ကာပျိုး အားသူပေါင်ပေါ်တွင်ထိုင်စေလိုက်ပီး
"ဘယ်လိုပြောလိုက်တာခုနက"
ပျိုး လဲမြတ်သောကိုအရမ်းခေါ်ချင်နေတာကြောင့် ပျိုး သူ့လည်တိုင်လေးကိုဖတ်ပီး ညုတုတုအသံလေးနဲ့
"ပျိုး ယောက်ျားမွေးနေ့လေလို့ ပျိုး ကသူငယ်ချင်းကိုဖိတ်ချင်တာပေါ့ မောင်ရဲ့"
စောအံ့ဗျူဟာ ပျိုး ၏ညုတုတုအသံလေးကြားမှာကျားအဖြစ်မှနွားအဖြစ်သို့ပြောင်းသွားလေကာသဘောအတော်ပင်ကျနေခဲ့သလို အူယားနေခဲ့တာလဲအမှန်"ထပ်ပြောပါအုံး မောင် ကပျိုး ရဲ့ဘာ..."
ပျိုး သူ့နားနားလေးကပ်ပီးတော့ လေသံတိုးတိုးလေးနဲ့
"ပျိုးယောက်ျားလို့ မောင် ကပျိုးရဲ့ယောက်ျား"
စောအံ့ဗျူဟာ သူ့မွေးနေ့အတွက်လုပ်ကူနေသောအပြင်ကအစေခံတစ်ချို့ကိုမေ့ထားပီး ပျိုး အားအူယားလွန်းလို့ပါးတစ်ဖက်တစ်ချက်ဘယ်ပြန်ညာပြန်အနမ်းမိုးရွာချလိုက်သည် နှုတ်ခမ်းပါမချန်
"အ့ မောင် ဘာလို့အဲ့လိုကြီးနမ်းနေတာလဲလူများမြင်ကုန်မယ်လေ"
"မြင်မြင်ပေါ့ မြင်ပါစေ အားကျရအောင်"
သူပြောလိုက်တော့ ဝေယံတို့ကပြုံးစိပြုံးစိနဲ့ ခုံတောင်မသယ်နိုင်ဖြစ်ရကာ တစ်ဖက်လှည့်ပီးရယ်နေကြသေးသည် ။ ပျိုး ဖြင့်ရှက်လွန်းလို့ ထွက်ပြေးချင်စိတ်တောင်ပေါက်လာရသည် ။ ဒါကလဲပျိုး ကိုယ်တိုင်စတဲ့ဇာတ်လမ်းဖြစ်တာကြောင့်လဲ စောအံ့ဗျူဟာ ၏ လည်တိုင်နားကိုကလေးတစ်ယောက်လိုမျက်နှာအပ်ကာ ရှက်နေရတော့သည်
"ဟွန့် အဲ့တာဆို မြတ်သော ကိုခေါ်ပေးမှာလားပြော"
"ဝေယံ"
"ဟုတ်ကဲ့အစ်ကိုလေး"
"မြတ်သော ကိုသွားခေါ်ခဲ့လိုက်အုံး ပျိုး ကခေါ်ချင်လို့တဲ့"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"