🔥မှောင်ရီပျိုး🔥
part 17
စောအံ့ဗျူဟာ ဝေယံ နဲ့လောင်းကြေးထပ်ကာ
M & B Agency ကိုရောက်လာခဲ့ခြင်းဖြစ်သည် ။ငှားရမည့်ကောင်လေးပုံတွေအားချပြနေတာကြောင့် တစ်ပုံပီးတစ်ပုံကြည့်နေခြင်းပင်စောအံ့ဗျူဟာ ရွေးရင်းရွေးရင်းနဲ့ မှောင်ရီပျိုး ပုံကိုမြင်လေ၏ ဘယ်တော့မှမမေ့သောအမုန်းဆုံးလူက ဒီ M & B Agency ရဲ့ဈေးအများဆုံးဖြစ်နေ၏ ။ ပီးတော့ အရင်ကလိုဆံနွယ်ရှည်တွေနဲ့မဟုတ်ဘဲယောက်ျားလေးတစ်ယောက်အဖြစ်တွေ့မြင်ရတာကြောင့်လဲ တစ်မျိုးဖြစ်နေသလို ဝေယံ ပြောတဲ့ အလှလေးဆိုတာကလဲ မှောင်ရီပျိုး ကိုရည်ညွှန်းသည်မှာမလွဲပေ...
"အစ်ကိုလေး တွေ့ရဲ့လားအလှလေး"
စောအံ့ဗျူဟာ ခပ်ညစ်ညစ်ပြုံးလိုက်ရင်း ပုံအားဝေယံ့ ကိုပြစ်ပေးလိုက်ပီး
"ဒီအလှလေးကိုငှားမယ်"
"Wow ဈေး.....ဈေး ကိုတစ်ချက်ကြည့်အုံးလေ"
"အဟက် ငါကမွဲသွားမဲ့ရုပ်လားအဲ့လောက်ဈေးလေးနဲ့ "
ဝေယံ သူ့ဘေးရှိကောင်မလေးအား မှောင်ရီပျိုး ပုံနှင့် တခြားတစ်ယောက်ပုံကမ်းပေးလိုက်၏ မှောင်ရီပျိုး နဲ့ အတူ ပေးလိုက်သော ပုံက မွန်မြတ်သော ပုံပင်....
ပျိုး မောင့် ကိုနှုတ်ဆက်ပီးပြန်လာကာ နားခန်းထဲတွင် မွန်မြတ်သော နဲ့ထိုင်နေတုန်း
"မှောင်ရီပျိုး မွန်မြတ်သော "
"ဟမ်"
"ဘာကိုဟမ်လဲ အခါတိုင်းလဲလုပ်နေကြကို မသိသလိုလုပ်နေတယ်ရှင်တို့တော့"
"မဟုတ်ပါဘူး အစ်မလွင်လွင်ရယ် ကျွန်တော်တို့ ဒီနေ့တော်တော်ပန်းနေပီ "
မြတ်သော ပြောတော့ အစ်မလွင်လွင်က ပျိုးတို့ကိုမျက်စောင်းလေးခဲလိုက်ရင်း
"အမလေး သူတို့လောက်သက်သာတာကိုသူတို့ကပြောရတယ်ရှိသေး ပီးတော့ ရှင်တို့နှစ်ယောက်လုံးကဒီနေ့ကျမှ အတူတူလာငှားတာဆိုတော့ အတူတူသွားဖြစ်မယ်ထင်တယ်"
ပျိုး နဲ့ မြတ်သော ဒီလိုအတူတူသွားရတာရှားသည်။ နှသ်ယောက်အတူတူဆိုတာကြောင့်လဲလက်ခံဖြစ်လိုက်သည်။
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"