မှောင်ရီပျိုး
part 3
ပျိုး သတိပြန်ရလာတော့ ခုနကနေရာတွင်မဟုတ်ဘဲအခန်းထဲပြန်ရောက်နေပီဖြစ်သည် ပျိုးဘေးတွင်လဲ စောအံ့ဗျူဟာ ဆိုသောကောင်လေးက ကြည့်နေသေးသည်
"ခဗျား သတိရလာပီလား"
"အင်း"
"ဘာလို့ဘာမှပြန်မလုပ်တာလဲ"
"ဟင်.."
"ခဗျား ကိုအနိုင်ကျင့်နေတာကို ဘာမှလုပ်ဖို့စိတ်မကူးဘူးလား ဘာလို့ငြိမ်ခံနေရတာလဲ"
"မိသားစုလေ သူတို့ကပျိုး ရဲ့မိသားစု ဘယ်လိုနေနေသည်းခံရမှာဘဲလေ"
စောအံ့ဗျူဟာ ဒေါသအလွန်အမင်းထွက်လာရပြန်သည် ဟိုကတောင်မိသားစုလို့မသတ်မှတ်တာကို သူကတော့မိသားစုတဲ့ မေတ္တာပေးတိုင်းသာပြန်ရရင်ခဗျားရမှာ
"ခဗျား ကသာမိသားစု မိသားစုနဲ့အခု ခဗျား အဖေနဲ့ ခဗျား မောင် ကကျုပ်ဆီမှာရောင်းစားပီးခဗျားကိုထားခဲ့ပီ"
"အင်း အဲ့တာ ပျိုးကဘာလုပ်ရမှာလဲ ပျိုးကဘာလုပ်နိုင်မှာမို့လို့လဲ ပျိုးကို မင်းကဒီကိုခေါ်လာတယ်ဆိုရင်တောင် သူတို့အကြွေးဆက်ဖို့အစီအစဉ်မရှိတာ"
ပျိုး ကျလက်စမျက်ရည်အားမသုတ်မိ မိသားစုတဲ့တခြားမိသားစုတွေလိုပျော်ချင်ပါသည် သို့သော် ဘဝကံပေးချင်းလဲမတူ ပျိုးမှာအားနည်းချက်တွေလာစုနေသလို
"ခဗျား အဲ့တိုင်းသာဖြစ်နေလို့ကတော့ ခဗျားအစား ကျုပ်ရင်လေးမိတယ် ဒေါ်မှောင်ရီပျိုး"
"မင်း က တို့ အစားရင်လေးရအောင် မင်းမှာရင်ရှိလို့လား စောအံ့ဗျူဟာ"
မှောင်ရီပျိုး ပြောတဲ့စကားကြောင့် စောအံ့ဗျူဟာမှာရယ်ရခတ်ငိုရခတ် စိတ်ပူလို့ပြောမိပါတယ် ဒေါ်မှောင်ရီပျိုး တို့စကားတက်ချက်ကတော့ တည်ငြိမ်တဲ့ ဒီကောင်နားထဲဂွမ်းထည့်ထားရုံသာရှိတယ်
"တော်ပီမပြောတော့ဘူးခဗျားလဲ နေကောင်းအောင်နေ လူများအနိုင်ကျင့်တာလဲမခံနဲ့ ကျုပ်ရဲ့ ဇနီးဖြစ်လာမဲ့ခဗျားကလူများအနိုင်ကျင့်တာခံရတယ်ဆို ကျုပ်သိက္ခာကျတာပေါ့"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"