🔥မှောင်ရီပျိုး🔥
part 11
အပြင်က ကားသံကြားတာနဲ့ ပျိုး တိုင်ကပ်နာရီလေးကိုလှမ်းကြည့်လိုက်၏ ။ 8:00 တောင်ကျော်နေပီဖြစ်သည် ။ ပျိုး လဲစားလက်စထမင်း ကို မီးဖိုချောင်ထဲတွင်စားနေတုန်း မောင့် အသံကြား၏
"မှောင်ရီပျိုး... မှောင်ရီပျိုး"
ပျိုး ထမင်းပန်းကန်အား စားပွဲခုံပေါ်တွင်တင်ကာ ဧည့်ခန်းဘက်ကိုပြေးလာလေတော့ အပြင်ကနေပြန်လာသော မောင် နှင့် မမဖြူ ၏လက်ထဲတွင် အထုတ်တစ်ထုတ်ကိုယ်စီနှင့်
"ရော့ မုန့်တွေကို ပန်းကန်ထဲထည့်ခဲ့ ဖြူ ဘာမှမစားရသေးဘူး မြန်မြန်ထည့်ခဲ့နော်"
"ဟုတ်...ဟုတ်ကဲ့ မောင်"
ပျိုး ကိုမောင် ကမ်းပေးလိုက်သည့် မုန့်များကိုပန်းကန်ထဲသေချာထည့်လိုက်ပီးနောက် နောက်ပန်းကန်ပြားတစ်ချက်ယူကာအကြော်လေးအားပန်းကန်ထဲထည့်ပီး မောင်တို့ရှိရာဆီသို့ပြန်ယူလာခဲ့ကာ စားပွဲခုံပေါ်တွင်ချပေးလိုက်သည်
ဖြူ့ကလေးမလေးက ပန်းကန်ချပေးပီးလှည့်ထွက်သွားတာကြောင့်
"ပျိုး ဖြူ တို့နဲ့လာ....."
သူ့ဘာသာသူနေပါစေ ဖြူ ရာ ဘာလို့ခေါ်နေတာလဲ အစာအိမ်ချင်းဆက်နေတာမလို့လား မောင် ကဖြူ နဲ့နှစ်ယောက်တည်းစားချင်ပါတယ်ဆို သူကစားပီးလောက်ရောပေါ့
"ပျိုး စားပီးပီလား ဖြူတို့နဲ့ပြန်စာ... '
"ရ... ရတယ် မမဖြူ ပျိုး စားပီးပီ ဗိုက်ပြည့်နေပီ"
"ဒါပေမဲ့ ဖြူ ပျိုး အတွက်ကောဝယ်လာ..... "
"ကျစ်!!
ဖြူ ဟိုကစားပီးပီတဲ့ဘာလို့အတင်းခေါ်နေတာလဲကွာ မင်းစားပီးပီဆိုတော့သွားတော့လေ ဒီနားမှာမနေနဲ့ မင်း ကိုမြင်ရင်စားချင်စိတ်ပျောက်သွားလို့""ဟုတ်ကဲ့ မောင် ပျိုး သွားမှာပါ"
ပျိုး မောင့်ကိုပြောပီးသည်နှင့် မီးဖိုချောင်ထဲ ဝင်ကာ စားလက်စထမင်းပန်းကာအားကိုင်ကာ ပြန်ထိုင်ရင်းစားနေလိုက်သည် ။ အသံတိတ်မျက်ရည်ကျရင်းနဲ့ပေါ့ ။ ပျိုး အပေါ်ရက်စက်မှဖြစ်မည့်လူကိုဘာလို့များပျိုးတွယ်ကပ်နေမိတာပါလိမ့် .... မောင် ပျိုး ဘက်ကိုနည်းနည်းလောက်ဖြစ်ဖြစ်ငှဲ့ကြည့်ပေးသင့်တယ်
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"