🔥မှောင်ရီပျိုး🔥
part 23
ပျိုး ညကဒီနားမှာတင် အိပ်ပျော်သွားတယ်ထင်ပါရဲ့ စောအံ့ဗျူဟာ လည်း ဒီအခန်းထဲဝင်လာတဲ့ပုံမပေါ် သူညကဘယ်များသွားအိပ်နေလဲမသိ ထိုအခန်းတံခါးဖွင့် ကာ အပြင်သို့ထွက်လာတော့ အောက်ထပ်က ဝေယံ ပြောသည့်စကားသံတစ်စွန်းတစ်စကြားလိုက်ရ၏
"သူ့ဇနီး ရောက်လာတာနဲ့ ကျွန်တော်တို့လဲပြန်လာခဲ့လိုက်တာပါ အစ်ကိုလေး"
"အင်း အဲ့တာ ပျိုး မသိစေနဲ့"
ဝေယံ သူစကားပြောနေရင်းမှသတိထားမိတာ စောအံ့ဗျူဟာ မျက်လုံးတွေဟာနီနေတာနဲ့
"ဒါနဲ့အစ်ကိုလေးမအိပ်ရသေးဘူးလား"
"အိပ်လိုက်နိုးလိုက်နဲ့မလို့ ထထိုင်နေလိုက်တာ "
သူပြောပီးတော့ ဝေယံ ကမသွားသေးသူ့ရှေ့မှာရပ်ပီးတစ်ခုခုကိုပြောချင်သလိုရိပ်မိတာကြောင့်
"ပြောစရာရှိသေးလို့လား"
"အဟဲ ဟုတ်တယ် "
"ဘာပြောမှာလဲ"
"ဒီနေ့ ကျွန်တော် ခွင့်တစ်ရက်လိုချင်လို့"
စောအံ့ဗျူဟာ ဝေယံမင်းသော် ခွင့်ယူတာကြောင့်အံ့ဩသွားကာ မျက်လုံးပင်ပြူးသွားရသည် ။ ဒီမှာစရောက်ကတည်းကခွင့်တစ်ခါမှမယူဘူး အခုကဘာကိစ္စနဲ့လဲ စောအံ့ဗျူဟာ အတော်ပင်သိချင်သွားကာ
"ဘာလုပ်ဖို့လဲ"
"ဒီတိုင်းအပြင်သွားချင်လို့ပါ"
"လာညာနေတာ မင်းဘယ်သွားမလို့လဲ"
"ဟာ အစ်ကိုလေးကလဲ ဗျာ ကျွန်တော့ ကောင်လေးနဲ့ Date မလို့"
"သွားသွား သတိနဲ့လဲသွားအုံး"
"ဟုတ်ကဲ့ အစ်ကိုလေး"
စောအံ့ဗျူဟာ ဝေယံ နဲ့ ပြောပီးတော့ ဆိုဖာပေါ်တွင် မှီလိုက်ရင်း ဆံပင်တို့အားဖွကာ အပေါ်သို့သပ်တင်လိုက်လေတော့ တရွေ့ရွေ့နဲ့သူ့နားလာနေသည့် မှောင်ရီပျိုး ကိုမြင်လေ၏ ။ ညတုန်းကအတော်ငိုထားပုံရတယ် ပြာလဲ့လဲ့မျက်ဝန်းအပေါ်ကမျက်ခွံတို့ဟာမို့နေ၏ ။
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"