🔥မှောင်ရီပျိုး🔥
part 10
ဒီနေ့က မောင် နဲ့ ပျိုး အိမ်မှာဘဲ လက်ထပ်စာချုပ်ပေါ်လက်မှတ်ရေးထိုးခဲ့ကြ၏ မမဖြူ ကတော့အသိသက်သေအနေနဲ့ပေါ့ ။ မောင့် ဘက်ကအချစ်တော့ပါမနေခဲ့ ။ ပျိုး ဘက်ကသာတစ်ဖက်သတ်
"ဖြူ မောင် မင်းစိတ်တိုင်းကျလက်ထပ်လိုက်ပီ ပျော်တယ်မလား"
"အင်း ဖြူ ပျော်တယ် မောင်"
"မင်းလဲပျော်နေမှာပေါ့ မှောင်ရီပျိုး ကျုပ်နဲ့လက်ထပ်လိုက်ရတော့ ။ ကျုပ်ဆီကအချစ်တော့ မျှော်လင့်မနေနဲ့နော် ခဗျား ကိုကျုပ် ပူဆွေးသောကတွေဘဲပေးမှာ"
ပျိုး ဘာမှမပြောမိ ခေါင်းကိုသာငုံ့ထားလိုက်သည် ။ မောင် ပျိုး ကိုတကယ်မုန်းသွားပီ ။
ဖြူ မောင့်စကားကြောင့် ပျိုး အတွက် ထိတ်လန့်စိုးရိမ်မှုများစတင်လာတော့သည် ။ မောင့် လက်ထဲထည့်လိုက်ရင် ပျိုး ပျော်ရွှင်ရမယ်ထင်ခဲ့ပေမဲ့အခုတော့တခြားစီ
"ပျိုး.....ပျိုး အခုပြန်ကွာရှင်းမယ် မမဖြူ ပျိုး ပြန်ကွာရှင်း....."
"မင်းစောက်ပေါက်ကိုပိတ်ထား ဒီနေ့လက်ထပ်ဒီနေ့ကွာရှင်းတာမင်းကြားဖူးလို့လား ဖြူ့ ရှေ့မှာ ပန်းနုသွေးဇာတ်လာခင်းပြမနေနဲ့"
ပျိူ လက်ထဲမှလက်ထပ်စာချုပ်အား လုယူကာ မောင် ကအပေါ်ထပ်သို့ဦးတည်ကာတက်သွားခဲ့၏ ။ အခု မမဖြူ နဲ့ပျိုး ဧည့်ခန်းထဲမှာနှစ်ယောက်သားကျန်နေခဲ့သည်။
"ပျိုး.....ပျိုး အခုဘယ်လိုလုပ်ရတော့မှာလဲ အချစ်မပါတဲ့အိမ်ထောင်ရေးကြီးကိုလေ ။ ပျိုး ရှေ့လျှောက်ဘယ်လိုက်သွားရမှာလဲမမဖြူ "
စိုးရိမ်တကြီးမေးလာတဲ့ ပျိုး ရဲ့လက်ကလေးကို ဖြူဆုပ်ကိုင်လိုက်တော့ အတော်ပင်အေးစက်နေ၏။
"ဖြူ တောင်းပန်ပါတယ် ဖြူ အတင်းအကြပ်စီစဉ်လိုက်လို့ဖြစ်သွားရတာ"
"မမဖြူ က မောင် ပျိုး ကိုမုန်းအောင်တမင်လုပ်နေတာဘဲ"
"မဟုတ်ဘူး ပျိုး ဖြူ အဲ့လိုမလုပ်ဘူး "
ပျိုး က ဖြူ့ ကိုအဲ့လိုထင်သွားတာလား ဖြူ ကပျိုး ပျော် စေချင်ရုံသက်သက် ။ ဒီလိုဖြစ်လိမ့်မယ်လို့ ဖြူ တကယ်ကိုမထင်ခဲ့တာ...
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"