🔥မှောင်ရီပျိုး🔥
part 34
3 years later.................
"မောင် သူကဘယ်သူလဲ မောင့် ဘေးနားကမိန်းမကဘယ်သူလဲလို့..."
"ပျိုး ရာဘာလို့မေးခွန်းတွေများနေတာလဲကွာ"
"မောင် ကမဟုတ်တာလေ အဲ့ပုံထဲကမောင့်ဘေးကကောင်မလေးကဘယ်သူလဲဆိုတာပြောရင်ပီးနေပီလေ"
"ပျိုး!!"
မောင် ကပျိုး ကိုမရှင်းပြ မောင်ကထိုနှစ်အတွင်း company တစ်ခုထောင်ကာ အတွင်းရေးမှုးမလေးတွေမမြဲ တစ်ယောက်ပီးတစ်ယောက်အလုပ်ထုတ်သည် အခုကျပြန်တော့လဲ မြတ်သော ပို့လာသည့်ပုံထဲကအတွင်းရေးမှုးမလေးက မောင့် အတွင်းရေးမှုးနေရာမှာအမြဲဆုံးဟုသိရသည် ။ အခုလဲပုံထဲကကောင်မလေးအကြောင်းမေးလို့မောင် ကပျိုး ကိုအော်လာပြန်၏ ပျိုး ရင်ထဲတဆစ်ဆစ်နဲ့
"မောင် ကပျိုး ကိုအော်နေတာပေါ့ ပျိုး ကမေးပိုင်. ခွင့်မရှိတော့ဘူးလား"
ပျိုး ပြောလိုက်သည်နှင့်မောင် ကပျိုး ကိုမျက်ထောင်နီကြီးနဲ့ကြည့်လာတာမလို့ ပျိုး အားငယ်လာရကာ
"ဟုတ်ပီ ပျိုးထပ်မမေးတော့ဘူး ပျိုး ကအဲ့လောက်လှပတဲ့မိန်းကလေးနဲ့ဘယ်လိုလို့ယှဉ်နိုင်မှာလဲ ပျိုး ကမိန်းမ မဟုတ်ယောက်ျားမဟုတ်လေ ဟုတ်တယ်မလား"
"..........."
"ပျိုး ဒီအိမ်ကနေထွက်သွားပေးမယ် "
"ပျိုး ဘာလို့တစ်ဖက်သတ်ကြီးလဲ"
"ပျိုး ကတစ်ဖက်သတ်ဟုတ်လား မောင် ပျိုး မေးတဲ့မေးခွန်ဖြေရင်ရပီလေ"
"မဟုတ်ဘူးလို့ ပျိုး ရဲ့မောင့်ကို....."
"မဟုတ်ဘူး အဲ့တာဆိုအဲ့ပုံထဲကယောက်ျားကဘယ်သူလဲ မောင်လေ မောင်ဆိုတာအရှင်းအလင်းမြင်နေရတာကို"
"မောင့် ကိုမရစ်စမ်းနဲ့ မောင် စိတ်ရှုပ်လာပီ"
" ပျိုး ကမောင့် အတွက်အရှုပ်ထုပ်ဖြစ်နေပီလား"
"မောင် အဲ့လိုပြောတာမဟုတ်...."
"ပျိုး ထွက်သွားပေးမယ် ဒီအိမ်ကနေထွက်သွားပေးမယ် မောင် "
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"