part 15 ( Unicode )

9.3K 308 15
                                    

🔥မှောင်ရီပျိုး🔥

part 15

"မောင် သတိရလာပီလား မောင်..."

ပျိုး မိုးလင်းတာနဲ့အိမ်ထဲပြန်ဝင်လာတော့ မောင် ကလှေကားထစ်နားမှာမေ့လဲနေ၏ ကိုယ်တွေလဲပူနေ၍ ပျိုး မောင့် ကိုတွဲကာ အခန်းထဲထိခေါ်လာပီး Family doctor ကိုသာခေါ်ခိုင်းလိုက်သည် မောင့် ရဲ့ တပည့်တွေကိုပေါ့

"မင်း ဘာလို့ဒီကိုရောက်နေတာလဲ ဖယ် သွားငါ့နားမလာနဲ့"

"မ...မဟုတ်ဘူးလေမောင် ။ မောင် နေမကောင်းဖြစ်နေလို့ ‌ဆန်ပြုတ်တော့သောက်မှ....."

"ငါ့ဘာသာနေ‌မကောင်းဖြစ်ရုံမကလို့ သေဘဲသေသေ မင်းစောက်ကြောင်းတစ်ကြောင်းမပါဘူး ငါ့နားမလာနဲ့"

‌မောင် နေမကောင်းဖြစ်နေလို့ ပျိုး မောင့် ကိုဂရုစိုက်ပေးချင်ရုံပါ ။ မောင် ပြောသည့်စကားဟာ ပျိုး အတွက်ဘယ်လောက်နာကျင်စေလဲမောင်မှမသိဘဲ မောင် ပြောသည့်စကားတိုင်းဟာရင့်သီးပီးခါးသက်လှသည်

"ပျိုး ဘယ်လိုလုပ်မှ မောင့် အမုန်းတွေမရှိတော့မှာလဲမောင်  အဟင့် ပျိုး ဖြစ်ခဲ့သမျှတွေအတွက် ပျိုး မောင့် ကိုတောင်းပန်ခဲ့ပီးပီလေ"

"မင်းတောင်းပန်လဲ ဖြူ ကပြန်ရှင်လာမှာလားလို့ မိန်းမမဟုတ် ယောက်ျားမဟုတ်ကောင်"

ပျိုး စိတ်လျှော့ ကာ မောင့် ကိုဆန်ပြုတ်ပန်းကန်ထဲမှဇွန်းနဲ့ခပ်ကာမောင့် ကိုကျွေးလေတော့မောင် က ဇွန်းကိုပုတ်ချလိုက်၏ ဇွန်းလေးဟာကြမ်းပြင်ပေါ်တွက်ခြာခြာရမ်းလျှက်

"ခလွမ်!!"

"ထွီး ....
ရွံတယ် မင်းငါ့အသားကိုမထိနဲ့ ငါ့အခန်းကိုမလာပါနဲ့လို့ငါမပြောထားဘူးလား"

"မောင် နေမကောင်း......."

"အရေးမပါတဲ့ အဲ့စောက်ကြောင်းတွေနဲ့ အကြောင်းပြချက်လာမပေးနဲ့ မှောင်ရီပျိုး မင်းကိုငါရွံတယ် မုန်းတယ်"

"ဒါဆိုဘယ်လိုလုပ်မှမရွံမှာလဲ ဘယ်လိုလုပ်မှ ပျိုး ကိုမမုန်းမှာလဲ"

"မင်းအိမ်ကထွက်သွားရင်ကောင်းမယ် မင်းဒီအိမ်ကထွက်သွားရင်ကောင်းမှာ ငါ့ရှေ့မင်းအရိပ်တောင်ရောက်မလာစေနဲ့"

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now