part 2 ( Zawgyi )

4.2K 23 0
                                    

🔥မှောင်ရီပျိုး🔥

part 2

ပျိုး နိုးလာတော့ ကောင်လေးရဲ့ရင်ခွင်ထဲမည်သို့ရောက်လာသည်မသိ စောအံ့ဗျူဟာဆိုသောကောင်လေးကပျိုးရဲ့ခါးတွေကိုဖက်ကာအိပ်ပျော်နေမို့ ပျိုး ကောင်လေး ရဲ့လက်တွေကိုဖယ်ဖို့လုပ်တော့တင်းကြပ်စွာဖက်ထားသည့်လက်တွေက မည်သို့မှဖယ်လို့မရ ပျိုး လဲမရဲတရဲနဲ့

"စောအံ့ဗျူဟာ.... စောအံ့ဗျူဟာ"

စောအံ့ဗျူဟာ မှေးနေရင်းသာမျက်လုံမဖွင့်ဘဲ

"အင်း"

"ပျိုး.....ပျိုးလေ ထချင်လို့အဲ့တာပျိုးကို မင်းလက်ကိုဖယ်ပေးပါအုံး"

ပျိုးပြောလိုက်တော့ ကောင်ငယ်လေးကကပျိုးကိုမျက်ခုံးကျုံ့ကာငုံ့ကြည့်လာပီး

"ခဗျားမှာဘာအလုပ်ရှိလို့လဲ ဒီလောက်အစောကြီးကိုဘာထလုပ်မှာလဲ ပြန်အိပ်"

သူပြောလိုက်တော့ မျက်နှာငယ်လေး နဲ့ သူ့ရင်ခွင်ထဲငြိမ်နေရှာသော မှောင်ရီပျိုး ကိုအပေါ်စည်းကနေကကြည့်တော့လဲ သူ့အိမ်မှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ရပါရဲ့နဲ့ ဘယ်လိုကြောင့်များဖြူဖွေးပီး နုဖက်နေသလဲလို့စဉ်းစားမိသည် ပီးတော့ မနေ့ကပွေ့ချီရင်းမြင်လိုက်တာ လည်စလုတ် လဲရှိနေသေးသည်

ပျိုး ထနေကျအချိန်ဖြစ်တာကြောင့် ထချင်နေပါသော်လည်း ကောင်ဆိုးလေးကပျိုးကို မထဖို့ပြောထားတာမို့ပျိုး ထိုကောင်လေး ရဲ့ရင်ခွင်ထဲမှာသာနေနေရတော့သည် ပျိုး ထပ်ပြောဖို့ ကောင်လေးကိုမော့ကြည့်တော့ ကောင်လေးက လဲပျိုး ကိုငုံ့ကြည့်နေသည်မို့ပြောစရာစကားဟာပျောက်ရှသွားခဲ့ရသည်

"ထချင်နေပီလား"

"အင်း"

"ထချင်နေရတဲ့အကြောင်းပြောပါအုံး "

"ပျိုး အိမ်မှာထနေကျမို့ပါပီးတော့ ဒီလိုကြီးအိပ်ရာထဲအပျင်းကြီးပီးအိပ်မနေချင်လို့'

"မင်း ပြောချင်တာ ကျုပ်ကအပျင်းကြီးတယ်ပေါ့"

"မ.....မဟုတ်ပါဘူး ပျိုး ကအဲ့လိုသဘောပြောတာမဟုတ်ဘူး"

"ကဲပါထချင်တယ်ဆိုလဲထ ဒါပေမဲ့ ကျုပ်ကိုမနက်တိုင်း နမ်းပီးမှသွားရမယ်"

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now