🔥မှောင်ရီပျိုး🔥
part 37🔞
အူဝဲ အူဝဲ အူဝဲ
"ကျွတ်... ကျွတ်... ကျွတ်.. သမီးလေးရယ် သမီးမငိုပါနဲ့တော့ ...ဖေဖေအိပ်ရပျက်လိမ့်မယ် သမီးရဲ့ နော်"
အူဝဲ.... အူဝဲ.... အူဝဲ...
အချိန်တွေက တစ်ချို့အချိန်ကျနှေးပီး တချို့အချိန်ကျ မြန်လွန်း၏ အခုဆိုသမီးလေးက 5 လသားတောင်ရှိနေပီ ပျိုး သမီးလေးကိုချော့တော့လဲမရ မောင် တော့အိပ်ရေးပျက်နေတော့မှာဘဲ
"သမီးရယ် တိတ်ပါတော့ကွယ် ကျွတ်.. ကျွတ်... ကျွတ်.."
စောအံ့ဗျူဟာ အိပ်သာအိပ်နေပေမဲ့ အိပ်လို့မပျော် တာနဲ့ဘဲ စောအံ့ဗျူဟာထကာ
"ပျိုး မောင့် ကိုပေးမောင် သမီးလေးကိုချော့သိပ်လိုက်မယ်"
"မောင် ရယ် အိပ်ရပျက်နေပါ့မယ် သမီးလေးက...."
"မောင် အိပ်ရေးပျက်နေပါ့မယ်ဆို ပျိုး ကညတိုင်း သမီးလေးမအိပ်မချင်းအိပ်ရေး ပျက်ခံနေရတာလေပျိုးရဲ့ ပျိုး အိပ်လိုက်ပါမောင် ချော့သိပ်လိုက်မယ်"
မောင် ကပျိုးဆီက သမီးလေးကိုလက်လွှဲယူလိုက်လေတော့ သမီးလေးကငိုနေရာမှရပ်သွား၏ ။ ဖအေချစ်လေးထင်ပါရဲ့ ပျိုး ဘယ်လောက်ချော့ချော့မတိတ်သည့် သမီးလေးက မောင့် အပေါ်ကျ ချော့စရာမလို
"ဟွန့် အလည်လေး မောင့် အပေါ်ကျတိတ်နေတာဘဲ"
"သမီးလေး ကမောင့်ကိုချစ်လို့လေ"
"ဟုတ်ပါပီ မောင် တို့သားဖဘဲချစ်နေလိုက်ကြ"
မောင် နဲ့ ပျိုး သမီးလေးအိပ်သည်အထိ ထိုင်စောင့်နေလိုက်ကြရင်း သမီးလေးက မိုးလင်းခါမှအိပ်ပျော်သွား၏ ။ မောင် လဲအိပ်ရေးပျက်လို့ပင်။
"မောင် ပြန်အိပ်လိုက်လေ အိပ်ရေးပျက်ထားတယ်မလား "
"ပျိုး ဘဲအိပ်ပါ "
"ပျိုး ကအိပ်မပျော်တော့ဘူး"
မောင် ကသမီးလေးအိပ်နေသည့်ဘေးကနေ သမီးလေးအားကြည့်ရင်း
"သမီးလေးကမောင် နဲ့တူတာလား ပျိုး နဲ့တူတာလားမသိဘူး"
ပျိုး ဖုန်းဖွင့်လိုက်တော့ Message တစ်ဆောင် ကကြိုဆိုလျှက် ပျိုး ဖွင့်ကြည့်လိုက်ရော တွေ့လိုက်ရသည်ပုံကြောင့် ပျိုး မောင့် ဘက်ကိုလှည့်ပီး
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"