🔥မှောင်ရီပျိုး🔥
part 25
ဝေယံနှင့်တွဲနေစဉ်ကာလအတွင်း ကိုယ့်ဘက်ကသာကိုကို နဲ့ အချစ်လို့တစ်ခါမှအခေါ်မခံဖူးတာ ကြောင့် နားကြားများမှားသွားသလားလို့ မြတ်သော ဝေယံ့ဘက်ကိုမေးထောက်ကာကြည့်ရင်း
"ခုနကဘယ်လိုပြောလိုက်တာ ကိုကို့"
"ဒီနေ့ခွင့်ယူထားတာအလကားဖြစ်ပီပေါ့လို့ ပြောလိုက်တာလေ"
"အဲ့နောက်ကလေ ဘယ်လိုပြောလိုက်တာလဲ"
"အချစ်နဲ့အတူလည်လို့မရတော့ဘူးလို့"
ဝေယံ သူပြောလိုက်တာကို မြတ်သော ကသဘောတကျနှင့်ရယ်ကာ coffee ကိုဆက်သောက်နေတာကြောင့် ဝေယံ မြတ်သော ၏နှုတ်ခမ်းတွင်ပေနေသော coffee အနည်းငယ်အား လက်မဖြင့်သုတ်ပေးလိုက်ပီး
"ကိုယ်ပြောတဲ့အထဲမှာ ရယ်စရာပါလို့လား အချစ်"
"ဟင့်အင် သဘောကျလို့"
"ဘာကို သဘောကျတာလဲ"
"ကိုကို မြတ်သော ကို အချစ်လို့ခေါ်တာသဘောကျလို့"
"သဘောကျရင် ကိုယ်နေ့တိုင်း မြတ်သော ကို အချစ်လို့ခေါ်မယ်"
သူပြောလိုက်တော့ သူ့ရှေ့က အချစ်က အပြုံးကြီးပြုံးကာ ပြန်ပြောသည်ကား
"အချစ် လို့ခေါ်လို့ မြတ်သော ကိုကို နဲ့ဒီနေ့လိုက်လည်ပေးမယ်"
"တကယ်လား"
"အင်း"
"အလုပ်ကရော "
"ဒီနေ့ မသွားတော့ဘူးလေ ခွင့်ယူလိုက်မယ်"
မြတ်သော ကိုကို့ ပြောပီ အလုပ်ကအစ်မကိုဖုန်းဆက်ပြောလိုက်တော့ အလုပ်ကအစ်မကမြတ်သောနေရာမှာတစ်ခြားတစ်ယောက်ကိုအစားထိုးလိုက်တော့သည်။
စောအံ့ဗျူဟာ သူ၏ရင်ခွင်ထဲက ပျိုး ကိုကြည့်နေပီးမကြာ မျက်ခွံလေးများတလှုပ်လှုပ်နှင့်နိုးလား၏ ။ သူကြမ်းထားသမျှ ပျိုး ၏နှုတ်မှ အရိုင်းအစိုင်းကောင် လို့ကြားရအုံးမည်မှာမလွဲပေ
ပျိုး နိုးလာတော့ စောအံ့ဗျူဟာ ၏ရင်ခွင်ထဲတွင် ပျိုး အနည်းငယ်မော့ကြည့်လိုက်တော့သူကပျိုး အား ကြည့်နေ၏ ဘယ်ချိန်ကတည်းကကြည့်နေသည်မသိ
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"