🔥မှောင်ရီပျိုး🔥
part 29 🔞
စောအံ့ဗျူဟာ မှောင်ရီပျိုး ထသွားတာမြင်တော့ ပျိုး အနောက်ကနေလိုက်လာပီး ထမင်းစားခန်းထဲလဲရောက်ရော အနောက်ကနေပွေ့ချီကာ စားပွဲခုံလေးထောင့်အရှည်ကြီးပေါ်တင်လိုက်ရင်း
"ပျိုး မောင့် ကိုမွေးနေ့လက်ဆောင်ပေးမယ်ဆို"
"စောသေး......"
"ဟာပျိုးကလဲ မစောပါဘူး ပေးလေလို့"
ပျိုး လဲအပြင်မှာမြတ်သောကစောင့်နေတာမလို့မကြာအောင် ပေးလိုက်ဖို့ဆုံးဖြတ်ကာ
"ပျိုး ပေးမဲ့လက်ဆောင်က "
"အင်း"
"ပျိုး မောင့်ကို အခွင့်အရေးတစ်ခေါက်ထပ်ပေးမယ်လို့"
စောအံ့ဗျူဟာ မျက်လုံးပြူးသွားကာ ရင်ထဲတဒုတ်ဒုတ်နှင့်
"ပျိုး တ...တကယ်ပြောတာလား မောင့် ကိုတကယ်အခွင့်အရေးပေးမှာလား"
"အင်း တကယ်ပြောတာ"
မောင် ကပျိုး ကိုသူ့ရင်ခွင်ထဲထည့်ကာ တင်းကြပ်နေအောင်ဖက်ထားလိုက်ပီးမျက်ရည်ကျကာ ကျေးဇူးတင်ပါတယ်ဟုအကြိမ်ကြိမ်ပြောနေတော့သည်
"မောင်"
"ဗျာ"
"လွှတ်တော့ အသက်ရှုရကြပ်နေ...."
"အွန့် .....မောင်......ပြွတ်...မ...လုပ် အွန့်"
ပျိုး မလုပ်နဲ့လို့ပြောမည့်အရေးမောင် ကပြောခွင့်မပေးဘဲပျိုး ၏နှုတ်ခမ်းအား တစ်လွှာချင်းစုပ်ယူစားသုံးနေလေ၏ ။ ပျိုး မောင့် ကိုတွန်းသော်လည်းမောင် ကပျိုး ခန္ဓာကိုယ်လေးအား သူ့ရင်ခွင်ထဲတွင်ဖိကပ်ကာပို့၍နမ်းသည် လျှာတွေပါသုံးလာသည်အထိ အခုအခြေအနေက ထမင်းစားပွဲခုံပေါ်တွင် ပျိုး ကထိုင်ပီးမောင် ကပျိုး ၏ခြေတောက်နှစ်ချောင်းကြားထဲတွင်မတ်တပ်ရပ်ကာ ပျိုး အားငုံ့နမ်းနေခြင်းပင်
စောအံ့ဗျူဟာ အနမ်းများကိုရပ်တန့်ပီး ပျိုး ကိုကြည့်လိုက်တော့ မျက်နှာလေးပန်းရောင်သန်းကာသူ့ကို ကြည့်နေ၏
"မောင် ကတော့နော် အပြင်ကလူတွေလာရင်ဘယ်လိုလုပ်မလဲ"
"မလာပါဘူး သူတို့ဘာသာသူတို့ပျော်နေတာ"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"