🔥မှောင်ရီပျိုး🔥
part 32
ပျိုး တို့ မြတ်သော အားအိမ်သို့ခေါ်ခဲ့ကာ ဝေယံမင်းသော် ၏အလောင်းအားပြတော့ မြတ်သောမှာဖက်ပီးငိုလေ၏
"ကိုကို အချစ်နောက်ပြန်လိုက်လာမယ်ဆို အဟင့် အချစ်ကိုလိမ်တယ် ကိုကိုအချစ်ကိုလိမ်တယ် "
မြတ်သော ဝေယံမင်းသော် မျက်နှာလေးအားငုံ့နမ်းရင်း အဆက်မပျက်ကျနေသောမျက်ရည်များမသုပ်မိ
"အချစ်လေ ကိုကို့ ကိုတကယ်ချစ်တာကိုကိုရဲ့ အချစ် ကလေ ကိုကို နဲ့အတူတူကလေးမွေးအုံးမှာကိုကို အချစ်ပြောတာကြားလား "
မြတ်သောမေးနေတာကို ကိုကိုကမဖြေ အိပ်နေသည့်အတိုင်း
"အချစ်ပြောနေတယ်လေ ကိုကို့ အချစ်စကားကိုပြန်ပါအုံးလား အဟင့် ကိုကို့ အချစ်ကိုလေ မထားခဲ့ပါနဲ့ အဟင့် မထားခဲ့ပါနဲ့လို့ အချစ်မယုံနိုင်ဘူး အဟင့် အဟင့် အချစ်ကိုမထားခဲ့ပါနဲ့"
နှောင်း ကိုကို့ အဖြစ်ကိုကြည့်ကာ ငိုနေမိသည် ။ ဒါနှောင်း ကြောင့် နှောင်း သာကိုကို နဲ့လက်မထပ်ခဲ့ရင် ကိုကိုလဲထိုသို့ဖြစ်မည်မဟုတ် နှောင်းတောင်းပန်ပါတယ် ကိုကို ရယ်နှောင်း မသိခဲ့လို့ပါ နှောင်းတောင်းပန်ပါတယ်
ဝေယံမင်းသော် ဈာပန ပီးသွားသည်အထိ မွန်မြတ်သောကတော့ငိုနေစမြဲပင်ဆေးရုံပါတင်ထားရသည်အထိ အခုလဲဘာကျွေးကျွေးမစား နှောင်းအိမ့်စံ ကလဲမွန်မြတ်သောအဖြစ်ကိုကြည့်ကာ တငိုငိုနှင့် သူ့ကြောင့်လို့သာအမည်တပ်နေ၏ ။ ပျိုး ကတော့နှစ်သိမ့်ပေးလိုက်ပါတယ် ဖြစ်ကံပါလို့ဆိုပီးတော့ဘဲ
"နှောင်း ပျိုး တို့သွားတော့မယ်နော် မနက်ဖြန်မှပြန်လာကြည့်တော့မယ်"
"ဟုတ်ကဲ့ အစ်ကိုပျိုး"
ပျိုး ကယောက်ျားလေးလိုနေတော့ အစ်ကိုပျိုးလို့ခေါ်သည့်လူကော မမပျိုးလို့ခေါ်သည့်လူကောစုံလို့ပင် မောင် ကတော့အရင်လိုပြန်နေပါလို့ပြော၏ ။ ပျိုး ကိုယ်တိုင်ကလဲအရင်ကလိုမနေချင်တော့တာကြောင့် ယောက်ျားလေးလိုသာနေဖြစ်သည် ။ဘာလို့လဲဆို ယောက်ျားလေးအဝတ်တွေကလွတ်လပ်ပေါ့ပါးတာကြောင့်လဲပါသည်
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"