part 21 ( Unicode )

11K 412 36
                                    

🔥မှောင်ရီပျိုး🔥

part 21

ဆေးရုံရောက်ရောက်ချင်းမောင့်ကိုစစ်ဆေးပေးပီး ဒေါက်တာ ကဘာမှသိပ်မဖြစ်ဘူးဆိုတာနဲ့ ပျိုး ထိုအခါမှသက်ပြင်းချနိုင်တော့သည် ။ မောင် သာသတိပြန်ရလာရင် ပျိုး အဲ့အိမ်မှာပြန်နေရမှာ ။ မနေချင်ဘူး မောင် နဲ့တွဲကတည်းက အဲ့အိမ်ကိုယောင်လို့တောင်မသွားတော့ဘူးလို့စိတ်ကူးထားပေမဲ့ဖြစ်မလာခဲ့ ။ မောင် နဲ့သာဝေးရရင် ပျိုး ဘယ်လိုလုပ်ရပါ့မလဲ ။ 

"ပျိုး ဘယ်လိုဖြစ်တာလဲ ဒါက"

မြတ်သောလာမှ ပျိုး ထိန်းထားသမျှမျက်ရည်တွေကိုလွှတ်ချလိုက်ပီး

"အဟင့် မြတ်သော ရယ် ငါ ..... ငါလေ မောင် နဲ့မဝေးချင်ဘူး  စောအံ့‌ဗျူဟာ ကငါ့ကိုအဲ့အိမ်မှာနေဖို့ပြန်ခေါ်နေပီ အဟင့် အဟင့်"

"အဲ့တာဘယ်လိုလုပ်ကြမလဲ  ပျိုး"

"အဟင့် မသိဘူး ငါမသိတော့ဘူး မောင် နဲ့မဝေးချင်ဘူး"

မြတ်သော အခုချိန်မှသူ အကြံပေးနိုင်တာဆိုလို့ထွက်ပြေးခိုင်းဖို့ဘဲရှိတော့တယ် ။ မဟုတ်လျှင်သူတို့ဘယ်လိုဖြစ်မည်မသိ

"ဒါဆိုနင်တို့ထွက်ပြေး‌လိုက်လေ  အဲ့လိုဘဲရတော့မှာ "

"မရဘူး စောအံ့ဗျူဟာ ငါတို့ကိုအလွတ်ပေးမှာမဟုတ်ဘူး"

"ဘာလို့လဲ သူတောင် နင့်ကိုအိမ်ကနှင်ချလိုက်တာမလား အခုမှဘာအရူးထနေတာလဲသူက"

"ငါလဲမသိတော့ဘူး မောင် ကလဲအခုထိသတိမရလာသေးဘူး"

ဘယ်လောက်တောင်ငိုထားသည်မသိ ပျိုး ၏မျက်လုံးတွေကရဲတက်နေသည် ။ နှာ‌ထိပ်လေးတွေပါရဲနေသေး၏ ။ အခုလဲ ကျန်ရစ်မောင် ရဲ့လက်ကိုဆုပ်ကိုင်ကာ ငိုနေပြန်သည် ။ ချစ်နေရင်အဲ့လိုဘဲလား ဒါဆို ငါနဲ့ ဝေယံမင်းသော် ကရောအဲ့လိုဘဲဖြစ်မှာလား ။

မြတ်သော ခေါင်းထဲတွင်ထိုအတွေးများဝင်လာပီးရင်ထဲဆို့နင့်ဆို့နင့်နဲ့ဖြစ်နေတော့သည် ။

စောအံ့ဗျူဟာ သူအရင်ကမှောင်ရီပျိုး အပေါ်နှိပ်ဆက်ခဲ့သမျှအခုတော့ နောင်တရနေလေပီ ။ အရင်ကသူဘာလို့များ ‌ပျိုး ပေါ်မကောင်းခဲ့သနည်းဟု ကိုယ့်ကိုကိုယ်မေးခွန်းထုတ်သော်လည်း လှပျိုဖြူ ကိုဆုံးရှုံးရမှာကြာက်သည့်စိတ်ဟုသာအဖြေထွက်လာသည်။

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now