🔥မှောင်ရီပျိုး🔥
part 12
ပျိုး ညတုန်းကငိုပီးအိပ်ပျော်သွားသည်ထင်ပါရဲ့ ခေါက်ထားသည့်စောင်မဟာ မူလအတိုင်းဖြစ်နေ၏ ။ ညကမောင် ဒီအခန်းထဲလာအိပ်ပုံမရဘူး ။ မောင် ဘယ်မှာများအိပ်နေတာပါလိမ့် ထိုအတွေးများဖြင့် ပျိုး ခုတင်ပေါ်မှာထလိုက်ပီး ခေါင်းဖြီး မျက်နှာသစ်ကာ မီးဖိုချောင်ရှိရာဆီသို့ ခြေဦးတည့်လိုက်၏ ။ မောင့် အခန်းကနေဖြတ်သွားလျှင် မမဖြူ အခန်းရှေ့ကိုလဲဖြတ်သွားရသည်ဖြစ်တာကြောင့် ပျိုး တံခါးလေးအသာဖွင့်ကာ မမဖြူ ကိုချောင်းကြည့်လိုက်တော့ မောင် ကလဲမမဖြူ အခန်းထဲမှာ မမဖြူ အားဖတ်အိပ်နေတာပင် ။
ပျိုး မကြည့်ချင်တော့တဲ့အဆုံးတံခါးပိတ်ရင်းသာ ပျိုး ၏စိတ်တို့ဟာဆောက်တည်ရာမရ ပျိုး မောင့် ရဲ့နွေးထွေးမှုကိုလိုချင်သည် ။ သို့ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာကိုလဲပျိုး ကြိုသိ၏ ။ပျိုး ထိုမြင်ကွင်းအားမြင်ပီးနောက် ပျိုးခြေလှမ်းတို့ဟာလေးလာပီး မမဖြူ ကိုမကျေနပ်သည့်စိတ်တို့ဟာ တိုးဝှေ့ကာနေရာယူလျှက် ပျိုး မောင့် ကိုချစ်လို့အဆုံးရှုံးခံမှာမဟုတ်ဘူးမောင်....
ဖြူ နိုးလာတော့ ဘေးကတွေ့ရတဲ့သည့်လူကြောင့် ချက်ကချင်းထထိုင်ကာ
"စောအံ့ဗျူဟာ မင်း ဒီဘက်ကိုဘာလို့လာအိပ်တာလဲအခုချက်ချင်းထ"
"ဟင့်အင်မထဘူး"
"မင်းက ပျိုး နဲ့အတူအိပ်ရမဲ့လူလေ ငါ့ကို ကံကြီးထိုက်အောင်လုပ်နေတာလား "
"လာပါဖြူ ရဲ့ပြန်အိပ်ပါ မောင် ဖြူနဲ့အတူ....."
"ဖြန်း!!"
"သွားအခုချက်ချင်းထွက်သွားငါ့အခန်းထဲက မင်းကအိမ်ထောင်ရှိတဲ့လူလေငါ့အခန်းထဲဝင်လာစရာအကြောင်းမရှိဘူး
"အဲ့အိမ်ထောင်ကလဲ ဖြူ့ စိတ်တိုင်းကျလက်ထပ်ထားလို့ကျတဲ့အိမ်ထောင်ဘဲလေ မောင့် သဘောမှမပါတာ မောင့် သဘောမပါဘူး"
"ပါပါ မပါပါ ပျိုး ကိုတစ်ယောက်တည်းထားပီး ငါ့အိပ်ခန်းထဲနောက်ဆိုခြေလှမ်းတစ်လှမ်းတောင်မဝင်နဲ့ ဒီမှာငါနေနေတယ်ဆိုတာလဲ မင်းထွက်မသွားခိုင်းလို့သာ...."
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"