🔥မှောင်ရီပျိုး🔥
part 7
ပျိုး ဧည့်ခန်းထဲမှထလာခဲ့တော့ ထိုဧည့်ခန်းထဲ၌ မောင် နဲ့ လှပျိုဖြူ ဆိုသောအမျိုး သမီးနှစ်ယောက်တည်းသာကျန်ခဲ့သည် ။ ဘာတွေပြောတာလဲမသိပေမဲ့ မောင် ကတော့ ပျိုး ကိုတမင်နှင်လိုက်သလို ပျိုး ကိုမသိစေချင်တဲ့အကြောင်းအရာများလား...
"ဆိုစမ်းပါအုံး မောင် ဖြူ့ ကိုပြောစရာရှိတယ်ဆိုတာ"
"လာခဲ့ မောင့် နားတိုးခဲ့ မောင် တိုးတိုးလေးပြောမှရမှာမလို့"
ဖြူ မောင့် နားလေးတိုးသွားလေတော့ မောင် ကဖြူ့ရဲ့ပါးမို့မို့ထက်အနမ်းခြွေလိုက်ရင်း နား နားကပ်ပြောသည်က
"ချစ်တယ် ။ မောင် ဖြူ့ ကိုအဆုံးရှုံးမခံနိုင်ဘူး"
စောအံ့ ပြောလိုက်တော့ ဖြူ ကထိုစကားအတွက်ပြုံးရုဲမျှလောက်ပြုံးပီး တုံ့ပြန်မှုမရှိ ဖြူ ဘာဖြစ်နေလဲ သူသိချင်လာ၏
"ဖြူ"
"ရှင့်"
"မောင့် ကိုချစ်လား"
"............"
ဖြူ ကအရင်တုန်းကအတိုင်းဘဲ ချစ်လားလို့မေးရင်ရှောင်လွှဲနေတက်တယ် ချစ်တယ်လိုလဲမဖြေခဲ့သလိုမချစ်ဖူးလို့လဲမဖြေခဲ့ ထိုမေးခွန်းမေးလျှင်တိတ်ဆိတ်နေတက်တာ အခုလဲ ဖြူ က ကျွန်တော့ရဲ့ ဒီမေးခွန်းအတွက်အဖြေရှပုံမပေါ်
"မောင့် အတွက်ဒီအဖြေကိုမဖြေနိုင်သေးဘူးလား ဖြူ "
"ဖြူ တောင်းပန်ပါတယ် မောင် ။ ဖြူ အဲ့အဖြေကိုတစ်ချိန်ချိန်ကျရင်ဖြေမှာပါ "
ဖြူ့ ကို မောင် ကရင်ခွင်ထဲဆွဲသွင်းလိုက်ပီး ဖြူ့ လက်ကိုဆုပ်ကိုင်ကာ မောင့် အသံကမမာပေမဲ့ လေသံကပျော့သည့်ထဲတော့မပါ
"ဖြူ ကမောင့် ကိုမချစ်ဘူးလို့ပြောရင်တောင် မောင် ဖြူ့ ကိုအပြစ်မတင်ပါဘူး ။ ထွက်သွားမယ် ဆိုတဲ့စကားကိုတော့ ဖြူ့ နှုတ်ကယောင်လို့တောင်ထွက်မလာနဲ့ ဖြူ"
မောင် က ဖြူ့ အတွေးတွေကိုကြိုသိနှင့်ပီးသားလား မောင် တားရင်တောင် ဖြူကသေချာသေချာပေါက် မှောင်ရီပျိုး ဆိုတဲ့ကလေးမလေးရဲ့လက်ကို မလွှတ်တမ်းဆုပ်ကိုင်ပီး ထွက်သွားမှာ မောင်....
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"