part 14 ( Unicode )

8.3K 261 14
                                    

🔥မှောင်ရီပျိုး🔥

part 14

ဒီနေ့နိုးလာတော့လဲ တစ်ကိုယ်လုံးနာနေပြန်ပါရော့လား ။ ပျိူ ခုတင်ပေါ်ကအသာထလိုက်သည် မထချင်လဲထရမည် ပျိူ အိမ်အလုပ်တွေလဲလုပ်ရအုံးမယ် ။ ဒီနေ့တော့ မောင်နဲ့မတွေ့ဖို့ဘဲဆုတောင်း....

"မှောင်ရီပျိုး!!"

ပျိုး အတွေးပင်မဆုံးလိုက်သေး ဒေါသတကြီးနဲ့ မောင်ကရောက်လာပီ

"ပျိုး လာပီ"

ပျိုး တံခါးဖွင့်လိုက်တော့ မောင် ကမျက်လုံးပေါက်ထွက်မတက်ပျိုး ကိုကြည့်ပီး ပျိုး လက်ကိုအကြမ်းပတမ်းဆွဲကာ မမဖြူ အခန်းထဲခေါ်လာခဲ့သည် မမဖြူ ကတော့ခုတင်ပေါ်တွင် အေးချမ်းစွာအိပ်ပျော်နေသည်

"ကြည့် အဲ့မှာ အဲ့တာမင်းကြောင့်ဖြစ်ရတာ မှောင်ရီပျိုး အဲ့တာမင်းကြောင့်အားလုံးမင်းကြောင့်ဘဲ"

"ဟင်... ဘာ....ဘာကိုပြောတာလဲ"

"အဲ့မှာမမြင်ဘူးလား ဖြူ့ ကိုမမြင်ဘူးလားကြည့်လေ"

"မမဖြူ အိပ်နေတာလေ တိုးတိုးပြောပါ"

"မှောင်ရီပျိုး မင်းတကယ်မသိတာလား မသိချင်ယောင်ဆောင်နေတာလား"

"ဘာ..... ဘာကိုပြောချင်တာလဲ"

"ဖြူ ဆုံးပီ ဖြူ အသက်မရှိတော့ဘူး"

ပျိုး မျက်ရည်များပင်ဝေ့တက်လာရ၏ မမဖြူ ဆုံးပီတဲ့မဖြစ်နိုင်တာ မမဖြူကဘယ်လိုလို့ဆုံးမှာလဲ မမဖြူ ကမနေ့ကမှအကောင်းကြီး‌ရှိသေးတာကို...

အာ..ပျိုးမေ့နေလိုက်တာ အဲ့တာ မမဖြူ ကိုပျိုးထည့်တိုက်လိုက်တဲ့ အဆိပ်ရည်တွေကြောင့် ကိုး ပျိုး ကြောင့်ပါဘဲ မောင့် ကိုပိုင်ဆိုင်ချင်စောနဲ့မမဖြူ သောက်မည့် coffee ခွက်ထဲအဆိပ်ခပ်တာတောင် မမဖြူ ကပျိုး တိုက်လို့ လိုလိုလားလားကို ဖြူ ကသောက်တာတဲ့လေ။  မမဖြူ ကအချစ်ကြီးလိုက်ပုံများ

"အဟင့် ပျိုး.....ပျိုး တောင်းပန်ပါတယ် မမဖြူ အဟင့် ပျိုး‌တောင်းပန်ပါတယ်"

စောအံ့ဗျူဟာ မှောင်ရည်ပျိုး ကို ခြေတောက်နှင့်ကန်လိုက်တော့ မှောင်ရီပျိုး မှာ ကြမ်းပြင်ပေါ်တွင် လဲသွားရ၏

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now