🔥မှောင်ရီပျိုး🔥
part 6
မောင် ကအရေးကြီးကိစ္စကြောင့်အိမ်ပြန်မည်ဆိုတာကြောင့် ဒီနေ့နံနက်အစောကြီးထကာ ခရီးနှင်ခဲ့လိုက်ခြင်းဖြစ်သည် မောင့် မျက်နှာထက်တွင်အပြုံးရိပ်များက ပေါ်လွင်စွာ.....
"မောင်"
"ဗျာ"
"ဘာလို့အဲ့လောက်တောင်ပြုံးနေတာလဲဟင်"
"မောင် ........"
မောင် ကပျိုး မေးတာကိုဖြေဖို့တုံ့ဆိုင်းကာ မောင် နားတင်ရပ်နေ၍ ပျိုး ကဘဲမောင့်ကို ခက်ခဲသည့်မေးခွန်းမေးမိသည်လား မသဲမကွဲဖြစ်နေမိ၏ မောင့် အပြုံးတွေဟာလဲ ပျိုး မေးသည်းမေးခွန်းကြောင့် တည်သွားကာ
"မောင့် ကိုချစ်လား ပျိုး"
"အင်း ပျိုး မောင့်ကိုချစ်တယ်"
"ဒါဆို မောင့် ကိုတစ်ခုလောက်ကူညီပါ့လား ချစ်ရင်ပေါ့"
"ဟင်....."
"မောင် ..... မောင့် ရဲ့ ဇနီး လှပျိုဖြူ ပြန်ရောက်နေတယ်..... အဲ့တာ အိမ်ရောက်ရင် ပျိုး ကအိမ်ကအစေခံလို့ပြောပေးပါ "
"ဘယ်....ဘယ်လိုမောင်..."
ပျိုး မောင့် ရဲ့အပြောကြောင့်အံ့ဩကာအသက်ရှုဖို့တောင်မေ့လျော့သွားခဲ့ရ၏ ။ မနေ့ကတောင်ပျိုး နဲ့မောင် ပျော်ပျော်ပါးပါးအတူရှိနေတုန်း ရုတ်တရက်ထိုစကားဆိုလာတော့ ပျိုး ခြေလက်ပင်အေးစက်သွားရသည်
"မောင့် ဇနီး ကိုအဆုံးရှုံးမခံနိုင်လို့ပါ မောင့် ကိုချစ်တယ်ဆိုကူညီမယ်မလား"
"ပျိုး....ပျိုးကူညီပါ့မယ်မောင်"
ပြောရက်လိုက်တာ ပျိုး ဘယ်ချိန်ကတည်းကမောင့် ကိုချစ်မိတာလဲ မောင့် ဆီကဒီစကားထွက်လာတော့လဲ ပျိုး ရင်ထဲတဆစ်ဆစ်နဲ့ ကျလာတော့မဲ့မျက်ရည်တွေကိုထိန်းပီး ကားမှန်အပြင်ဘက်ကြည့်နေမိ၏ ။ ဒါကိုပြောတယ်ထင်ပါရဲ့ ကိုယ်ချစ်ရတဲ့လူပျော်ရွှင်ဖို့ ဘာမဆိုလုပ်ပေးနိုင်တယ်ဆိုတာ ။ ပျိုး ကိုယ့် ကိုကိုယ် ခံစားနေရတာတောင်လျစ်လျူရှု့ပီး မောင် ပြုံးနေတဲ့အပြုံးတွေကိုသာ လိုလိုလားလား တခြားတစ်ယောက်ဆီအပ်နှင်းလိုက်ရတော့မည်........
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"