🔥မှောင်ရီပျိုး🔥
part 13
အခုဆို ပျိုး မောင့်အိမ်မှာနေတာ 3 လပင်ရှိခဲ့လေပီ ။ မောင်က ပျိုး ကိုနှိပ်ဆက်သည် အချစ်ကပေးတဲ့ နှိပ်ဆက်မှုဖြစ်လို့ထင်တယ် လိုလိုလားလားပါဘဲ ပီးတော့ မောင် ကညညဆို မမဖြူ အခန်းဘက်ပဲသွားသွားအိပ်တာ ပျိုး ကတော့ ညတွေမှာတစ်ယောက်ထဲပေါ့ တားလဲမတားရဲပါဘူး ပျိုး ကမှားထားတဲ့လူကိုး
"မှောင်ရီပျိုး!! မှောင်ရီပျိုး !!
မင်းမထသေးဘူးလားအခန်းထဲမှာဘာလုပ်နေတာလဲ"ပျိုး ပြာသလဲလဲ မှန်တင်ခုံရှေ့ကထကာ တံခါးသွားဖွင့်ဖွင့်ချင်း
"ဖြောင်း!!"
"မင်း နိုးနေတာကိုဘာလို့အခန်းထဲမှာနေနေတာလဲ ဟမ် မင်းကိုယ်မင်း ဒီအိမ်ကသခင်မလို့ထင်နေတာလား မှောင်ရီပျိုး"
"ဟင့်အင် ပျိုး .... ပျိုး မထင်ပါဘူး မောင်"
"သွားအခုဒီအခန်းထဲကအခုထွက်သွား အောက်မှာလုပ်စရာရှိတာတွေသွားလုပ်"
မောင် အားပါပါနဲ့ ပျိုး၏ပါးကိုလွှဲရိုက်လိုက်သည့် အရှိန်ကြောင့် လူက ကြမ်းပြင်ပေါ် သို့ လဲကျသွားတာကို မောင် ကအခု ထွက်သွားခိုင်းတော့လဲ ပျိုး ထွက်သွားရမည်လေ ပျိုး ဘာများတက်နိုင်မှာမို့လို့လဲ..
"တောက်!!
သွား မြန်မြန်သွား ယောက်ျားမဟုတ်မိန်းမ မဟုတ်လိုကောင်စားမျိုး ငါ့ရှေ့ပေါ်မလာနဲ့"မောင် ကတော့အနောက်ကနေထိုသို့ အော်တာအကြိမ်ကြိမ်မနဲပါဘဲ ပျိုး ကဒွိလိင်မှန်းလဲ တစ်အိမ်လုံးကသိကာရွံရှာနေကြ၏ မမဖြူ ကလွဲလို့ပေါ့
ဖြူ မောင် နဲ့ ပျိုး စကားများသံကြားလို့ အခန်းပြင်ထွက်လာတော့ ပျိုး ကမောင့် အခန်းဘက်ကနေ ရှိုက်ကြီးတငင်ငိုကာ ထွက်လာသည်
"ပျိုး ဘာလို့ငိုနေတာလဲ"
"ဟင့်အင် ပျိုး မျက်လုံးစပ်လို့ပါ အဟင်း"
ငိုနေတာအသိအသာကြီး ကို ပျိုး ဖြူ့ ပေါ်လုပ်ခဲ့သည့်လုပ်ရပ်ကမှားသည် ဆိုပီး ပျိုး ကသူ့ကိုယ်သူအပြစ်တင်ကာ ပျိုး ဒီအိမ်ကိုမရောက်လာခဲ့ရင်ကောင်းသားဟုလဲ ညီးညူတက်သေး၏ အခုလဲ ပါးတစ်ဖက်ကရောင်နေသလို နှုတ်ခမ်းထောင့်စွန်းကလဲသွေးတွေထွက်နေပြန်ရော....
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"