🔥မှောင်ရီပျိုး🔥
part 31
Ring..... Ring..... Ring.....
"မောင့် ထအုံးလေ မောင့်..... မောင်လို့ "
ညတုန်းကအချစ်အိမ်လေးထဲတိုးဝင်ပီးမနက်ရောက်မှအိပ်နေရင်းဖုန်းကလာနေသည်မို့ ပျိုး မောင့် ကိုနှိုးလိုက်လေတော့ မောင် ကအိပ်ချင်မူးတူးနဲ့ဖုန်းကိုင်လိုက်ကာ
"hello "
"အစ်ကိုလေး ဝေယံမင်းသော် ဆုံးသွားပါပီ"
"ဘာ!!"
စောအံ့ဗျူဟာ ထိုစကားကြားတော့အိပ်နေရာကနေဆက်ကနည်းထထိုင်လိုက်၏ ကြားလိုက်ရသည့်စကကြောင့်လဲအံ့ဩမှုနှင့်မျက်ရည်တို့ဟာနေရာယူလျှက် ညီအစ်ကိုလိုနေခဲ့သည့် ဝေယံမင်းသော် ရုတ်တရက်ဆုံးသွားပီဆိုသည့်သတင်းဟာ သူ့အတွက်တုန်လှုပ်စေ၏
"ဟုတ်တယ် အစ်ကိုလေး တစ်ဖက်ကလူပြစ်တော့ဝေယံမင်းသော် စိတ်လွင့်နေတယ်နဲ့တူတယ်ခေါင်းကို....."
"ပြန်ခေါ်ခဲ့ ဝေယံမင်းသော် ကိုပါအောင်ပြန်ခေါ်ခဲ့"
"ဟုတ်ကဲ့ အစ်ကိုလေး"
တစ်ဖက်က စောအံ့ဗျူဟာ အဖွဲ့ကတစ်ယောက်ကဖုန်းချလိုက်ပီး
"ဟျောင့်တွေ အစ်ကိုလေးက မင်းသော် ကိုပါအောင်ပြန်ခေါ်ခဲ့တဲ့ "
"အစ်ကိုလေးပြောသလိုဘဲလုပ်ရတော့မှာပေါ့ "
စောအံ့ဗျူဟာ မယုံနိုင်စွာသူ့ခေါင်းသူဖွလိုက်ပီး မျက်ရည်ဟာအဆက်မပျက်ကျလာသည် မသွားပါနဲ့လို့ပြောသည့်ကြားကသွားလိုက်တယ် မနေ့ကသာသူ့ကိုနောက်ဆုံးနှုတ်ဆက်မယ်မှန်းသိခဲ့ရင်သူပေးသွားမည်မဟုတ်
"အဲ့တာ ငါ့ အပြစ်တွေ အဲ့တာငါ့အပြစ်တွေ တောက်!!"
ပျိုး မောင့် ကိုရင်ခွင်ထဲထည့်ပီးခေါင်းလေးအားဖွလိုက်ကာ
"မောင် ရယ်ဖြစ်ကံပါလို့ပါဖြစ်တာပါ ကိုယ့်ကိုကိုယ်အပြစ်မဖွဲ့ပါနဲ့"
"ဝေယံ ကမောင် နဲ့ညီအစ်ကိုလိုဘဲ ပျိုး ။ မောင်သာမနေ့ကမသွားခိုင်းလိုက်ရင် သူဒီလိုဖြစ်မှာမဟုတ်ဘူး"
ဪ...မောင် ရယ်ဟုသာပျိုး မောင့်ကိုပြောနိုင်တော့သည် မောင် ကတော့ပျိုးရင်ခွင်ထဲမှာငိုနေစမြဲပင် ။ ဝေယံ လဲလွတ်ကျွတ်သွားတာပေါ့ မြတ်သော နဲ့ လမ်းခွဲခွဲပီးချင်း ဝေယံမင်းသော် ဟာလောကကြီးမှာမရှိတော့ပေ ဒါကို မြတ်သောများသိလျှင် မည်သို့ဖြစ်မည်နည်း မြတ်သော မင်္ဂလာဆောင်ကမနက်ဖြန်မဟုတ်လား...ပျိုး သူတို့နှစ်ယောက်အတွက်မျက်ရည်ကျရုံမှအပမတက်နိုင်တော့ချေ ။
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"