🔥မှောင်ရီပျိုး🔥
part 35🔞
ရက်တွေကကုန်တာမြန်လိုက်တာ ပျိုး ဗိုက်ကလေးကလဲတဖြည်းဖြည်းထွက်လာ၏ အခုဆို 6 လပင်ရှိပီဖြစ်သည် မောင် ကတော့ ညအိပ်ခါနီးပျိုး ဗိုက်ကလေးကိုသံလွင်ဆီလိမ်းပေးကာ ပျိုး အားညတိုင်းနီးပါးထိုင်စောင့်နေ၏ ပျိုး ဗိုက်ကလေးအားဖိမိမှာစိုးတာရော တစ်ဦး ဖြစ်တာကြောင့်လဲ မောင် ကအရမ်းဂရုစိုက်သည် ။ ဟောပြောရင်းဆိုရင်းလာပါပီ အလုပ်ကနေ မျက်မှောင်ကြီးကျုံ့လို့ပေါ့
"မောင့် မျက်နှာကဘာ....."
"ပျိုး ဘာလို့ထလာတာလဲ မပေါ့မပါးကြီးနဲ့"
"ဟောမောင် ရယ် ကိုယ့်ယောက်ျား ကိုကိုယ် အပြုံးလေးနဲ့ဆီးကြိုချင်တာပေါ့လို့"
မောင် ကပျိုး ကိုတွဲပီးဆိုဖာပေါ်တွင်အသာလေးထိုင်စေကာ
"နောက် တစ်ခါဆို ငြိမ်ငြိမ်လေးထိုင်နေပါ ပျိုး ရဲ့ မောင် ဘဲအပေါ်ထပ်တက်လာခဲ့ပါမယ် မဖြစ်သေးပါဘူး အောက်ထပ်မှာလဲတစ်ခန်းရှိတယ်အဲ့အခန်းကိုပြောင်းရင်အဆင်ပြေတယ် အပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့ မောင် စိတ်မချဘူး"
မောင် ကသူ့ဘာသာသူပြောပီးလားဆို ဖွေးငယ် အားအစေခံခေါင်းဆောင်အဖြစ်ပြန်ခန့်ထားတာကြောင့် လှမ်းအော်ခေါ်လိုက်ကာ
"တခြားကောင်မလေးတွေကိုလဲခေါ် ပီးရင် အောက်ထပ်ကဧည့်သည်လာရင်တည်းဖို့သတ်သတ်ထားတဲ့အခန်း ကိုပိုးသတ်ဆေးတွေသေချာဖြန်း ပီးရင် အမွှေးရေသိပ်မသုံး နဲ့ အနံရှိရုံလောက်သုံးနော် သေချာသန့်ရှင်းရေးလုပ်ပီး အပေါ်ထပ်ခန်းထဲကပျိုး ပစ္စည်းတွေအကုန်သယ်ခဲ့"
"ဟုတ်ကဲ့အစ်ကိုလေး"
"သေချာလုပ်နော် ပျိုး သာတစ်ခုခုဖြစ်လို့ ကတော့အကုန်လုံးအရှင်မထားဘူး"
"မောင် ရယ် သူတို့သိပါတယ်ဘာလို့အဲ့လိုပြောနေတာလဲ ပျိုး မကြိုက်ပါဘူး "
"မောင် ကပျိုး အတွက်ပြောနေတာပျိုး ရဲ့ ကိုယ့်ဗိုက်ကိုလဲငုံ့ကြည့်အုံး တဖြည်းဖြည်းနဲ့ပူလာပီ ပီးတော့ အချဉ်တွေအစပ်တွေမစားနဲ့"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"