🔥မှောင်ရီပျိုး🔥
part 19🔞
ပျိုး စောစောနိုးတာနဲ့ မောင့် နဖူးပြင်လေးပေါ်အနမ်းခြွေလိုက်ပီး နံနက်စာပြင်ဖို့မီးဖိုခန်းထဲဝင်လာလိုက်သည် ညကလဲ ပျိုး ကိစ္စကြောင့်မောင့်မှာ ခေါက်ဆွဲသာစားလိုက်ရတယ် ။ မောင် ကယောက်ျားလေးသာပြောတယ် ခရမ်းချဉ်သီးနဲ့ ငရုတ်သီးကို ငပိချက်ကလေးချက်ပေးရင် အတို့အမြုတ်လေးနဲ့ဆိုမောင် ကသိပ်ကြိုက်တာ ......
ပျိုး မီးဖိုခန်းထဲတွင်ချက်ပြုတ်နေတာအချိန်မည်မျှကြာသွားပီမသိ ။ မောင့် အကြိုက်တွေကိုသာဦးစားပေးချက်ပေးနေမိသည် ။
ကျန်ရစ်မောင် သူနိုးလာတော့ သူ့နဘေးကချစ်ရသူအားမတွေ့တော့ရောက်ယက်ခက်စွာ ထပီး ရေချိုးခန်းတံခါးကိုဖွင့်ကြည့်တော့လဲမတွေ့ ကျန်ရစ်မောင် သူ့ခေါင်းအားဖွလိုက်ပီးရပ်နေစဉ် ခရမ်းချဉ်သီးချက်အနံ့လေးကသင်းနေသည်မို့ မီးဖိုချောင်ထဲအပြေးရုံတမယ်သာဝင်သွားပီး မှောင်ရီပျိုး နောက်ကနေခါးလေးအားတင်းနေအောင်ဖတ်လိုက်၏
ပျိုး ဟင်းမွှေနေတုန်း မောင် ကအနောက်ကနေ ခါးကိုဖတ်ပီး ပျိုး လည်တိုင်လေးကိုခေါင်းလေးနဲ့ပွတ်ကာ
"မောင် လန့်သွားတာဘဲ ပျိုး မောင့် ကိုထားသွားပီထင်တာ"
"မောင် ကလဲမနက်ခင်းကိုမင်္ဂလာမရှိတဲ့စကားတွေပြောနေပြန်ပီ "
"မင်္ဂလာရှိတာမရှိတာ မောင် မသိဘူး ပျိုး မောင့်ကိုထားသွားပီဘဲထင်နေတာ"
ပျိုး ခါးကိုဖတ်ထားသည့်မောင့် လက်ကိုပျိုး အပေါ်ကနေအုပ်ကိုင်လိုက်ပီး
"ငါ မောင့် ကိုထားမသွားပါဘူး မောင် ထားခဲ့ရင်တော့...."
"မောင် ဘယ်တော့မှပျိုး ကိုထားမသွားဘူး မောင်
သေရင်တောင် နောက်ဘဝအထိခေါ်သွားမှာ""ဟုတ်ပါပီ မျက်နှာကသစ်ပီးပီလား ထမင်းစားရအောင်လို့"
"မသစ်ရသေးဘူးလေ"
"အဲ့တာဆိုသွားသစ်လိုက် ပျိုး ထမင်းခူထားနှင့်မယ် ပီးတော့ မြတ်သောကိုလဲပို့ရအုံးမှာ ပျိုး မြတ်သော ကိုဟင်းအရင်သွားပို့လိုက်အုံးမယ်"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"