🔥မှောင်ရီပျိုး🔥
part 24
"မောင် ပျိုး ကိုဘယ်တုန်းကမှလိုသုံးမလုပ်ခဲ့ဖူးဘူး"
"ဒါဆို မမလှပျိုဖြူ ပေါ်လာလို့ ရုတ်တရက်ကြီးစွန့်ပြစ်လိုက်တာကိုဘယ်လိုရှင်းပြမလဲ..... တော်ပီမရှင်းပြနဲ့တော့ ငါမင်း ကိုထပ်ချစ်မိမယ်မထင်တော့ဘူး"
"မောင့် ကိုနောက်ဆုံးအကြိမ်အခွင့်အရေးပေးပါတစ်ခေါက်လေးပါဘဲ"
"အခွင့်အရေးက မင်းနဲ့တန်လို့လား"
"အင်း မောင် နဲ့မတန်ဘူး တစ်ချိန်တုန်းကပျိုး ကိုလုပ်ခဲ့မိတဲ့လုပ်ရပ်အတွက်မောင် အခုနောင်တရနေပီပြောခဲ့တဲ့စကားတွေအတွက်ကော"
"တော်ပါတော့ မင်း ကိုငါအခွင့်အရေးမပေးနိုင်ဘူး မုန်းပီရင်ပြန်မချစ်ကြေး လို့ပြောခဲ့တယ်လေအဲ့စကားကိုမှတ်ထားလိုက် ငါဒီမှာနေတာ လက်ထပ်စာချုပ် ရှိတာရယ် မောင့် ကိုမင်းတစ်ခုခုလုပ်မှာကြောက်တာရယ်"
မောင့် ကိုတစ်ခုခုလုပ်မှာကြောက်လို့တဲ့ စောအံ့ဗျူဟာ ထိုကားကြောင့်ဆက်ကနည်း ပျိုး ဘက်လှည့်ကာခုတင်ပေါ်တွန်းလှည်းလိုက်ပီး ပျိုး အပေါ်မှအုပ်မိုးကာ
"အဲ့အကောင်ကအိမ်ထောင်ရှိတယ်လေ ဘာလို့ တမောင် မောင် နဲ့ဖြစ်နေတာလဲ ခေါ်စမ်းပါကျုပ်ကို မောင် လို့ခေါ်လိုက်လေ"
ပျိုး ကိုအပေါ်ကနေအုပ်မိုးလာသူက မေးရိုးတွေပါထောင်နေ၏ ။ အတော်ပင်ဒေါသထွက်နေသလို မျက်ဝန်းထဲမှာလဲမီးတဝင်ဝင်းနှင့်
"ဘေးဖယ်မင်းငါ့အပေါ်ကနေဖယ် ငါမင်းကို ဘယ်တော့မှ မောင်လို့ခေါ်မှာမဟုတ်ဘူး"
"မခေါ်နဲ့လေ ချစ်လွန်းလို့ဇာတ်ကားတွေထဲကလိုအလျှော့ပေးပီးထွက်သွားခွင့်ပေးမယ်များထင်နေလား ။ ခဗျား မသေမချင်း ကျုပ်ဘေးမှာ တစ်သက်တစ်ကျွန်ထောင်ချမှာ ကျုပ်သေမှ ခဗျား အပြင်လောကကြီးကိုစူးစမ်းလေ့လာလိုက်"
"မင်း သိပ်အတ္တကြီးတယ် စောအံ့ဗျူဟာ"
"ခဗျား လဲအရင်တုန်းက ကျုပ်အတွက် အတ္တကြီးခဲ့တာဘဲမလား ကျုပ်ပြန်ချစ်နေပီလေ ခဗျား ကျုပ်အချစ် ကိုရဲရဲကြီးလက်ခံလိုက်စမ်းပါ"
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"