part 30 ( Unicode ) 🔞

9.3K 212 8
                                    

🔥မှောင်ရီပျိုး 🔥

part 30 🔞

"မေမေ မြတ်သော လက်မထပ်နိုင်ဘူး"

"လက်မထပ်လို့မရဘူး တစ်ဖက်မိန်းကလေးကအိန္ဒြေရှိရှိလေးပါ သားရယ်"

"ဟင့်အင် ကျွန်တော့ မှာချစ်ရတဲ့လူရှိပီးသားမေမေ"

"သားချစ်တဲ့လူက ယောက်ျားလေးဆိုရင် မေမေဘယ်နည်းနဲ့မှသဘောမတူနိုင်ဘူး"

မေမေ ကနေမကောင်းဘူးဆိုပီးလိမ်ခေါ်ကာ လက်ထပ်ခိုင်းနေသည်။ အခုလဲ ခနနေစေ့စပ်ဖို့သွားမယ်ဟုဆိုကာ အဝတ်စားတွေအမြန်လဲခိုင်းနေခြင်းပင် ။ ဆိုင်းမဆင့်ဗုံမဆင့်ဖြင့် အခုခေါ်အခုစေ့စပ်ပေးနေ၏ ဒါဆို မြတ်သော ကိုကိုနဲ့ဝေးရပေတော့မည် ကိုကို နဲ့မြတ်သောမဝေးနိုင်ပေ

"အဝတ်သွားလဲတော့ မွန်မြတ်သော မေမေစိတ်မတိုချင်ဘူးနော်"

"ကျွန်တော့မှာချစ်တဲ့လူရှိတယ်လို့ မေမေ"

"မလိုချင်ဘူး မေမေမွေးလို့သားကလူဖြစ်ခဲ့တာနော် မေမေ့ စကားနားထောင်စမ်းပါသားရယ် ဒီတစ်ခေါက်လေးပါဘဲသားရယ်ဒီတစ်ခေါက်လေးပါဘဲ မေမေရှိကြီးခိုးပီ....."

"ကျွန်တော်အဝတ်သွားလဲပါ့မယ် ‌မေမေ ဒါပေမဲ့ ဒီအိမ်ထောင်ရေးက တစ်ဖက်မိန်းကလေးလဲမပျော်ရသလို ကျွန်တော်လဲပျော်ရမှာမဟုတ်ဘူး"

မွန်မြတ်သော ကျနေသောမျက်ရည်အားသုတ်ကာ အဝတ်လဲခန်းထဲဝင်သွားလိုက်ပီး စိတ်ထဲကနေဝေယံမင်းသော် အားတောင်းပန်နေမိသည် ။ ငြင်းသော်လည်းမရသည့်အခြေအနေမလို့နားလည်ပေးပါဟုသာတောင်းဆိုနေတော့သည်

မွန်မြတ်သော သူ၏အမေအိမ်တွင် 6 ရက်လောက်နေပီး သူ၏အဆောင်သို့ပြန်လာခဲ့လိုက်၏ ။ သူ၏အဆောင်ရောက်တော့ အခန်းသန့်ရှင်းရေးလုပ်ကာ အဝတ်ခေါက်ရေမိုးချိုးပီး ဝေယံမင်းသော် အားဖုန်းဆက်ကာ အဆောင်နှင့်မလှမ်းမကမ်းတွင်ရှိသော coffee ဆိုင်တစ်ဆိုင်တွင်လာဖို့‌ဖုန်းဆက်ကာခေါ်လိုက်၏

ဝေယံမင်းသော် မွန်မြတ်သော ခေါ်တာကြောင့် စောအံ့ဗျူဟာ နားမှခွင့်တောင်းကာလာခဲ့ခြင်းပင် ဒီနေ့ခွင့်မပေးနိုင်ဘူးပြောသည့်ကြားကအတိုက်ခံလုပ်ကာ အပြန်မှအပြစ်ခံယူမည်ဟုဆုံးဖြတ်ပီးလာခဲ့ခြင်းဖြစ်သည် ။ coffee ဆိုင်သို့ရောက်ရောက်ချင်းကြားလိုက်သည့်စကားကြောင့် ဝေယံမင်းသော်မှာအမောပင်စို့သွားရသလို..

🔥 မှောင်ရီပျိုး 🔥 [ Ongoing ]Where stories live. Discover now