🔥မှောင်ရီပျိုး🔥
part 8
ဖြူ ထမင်းစားခန်းကနေအပြင်ထွက်လိုက်တော့ တွေ့ပီ ခုံပေါ်မှာထိုင်ပီးတစ်နေရာကိုငေးနေတဲ့ ဖြူ့ ကလေးမလေး
"ပျိုး"
ပျိုး နာမည်ခေါ်သံကြောင့် ဘေးဘက်သို့ကြည့်လိုက်ရာ မမဖြူ ဖြစ်နေသည်
"မမဖြူ ထိုင်လေ"
"အင်း"
ဖြူ ကလေးမလေး ရဲ့ထိုင်လေ ဆိုသည့်စကားသံအဆုံး မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ပီး
"ပျိုး မအေးဘူးလား"
"ဟင့်အင်"
"ပျိုး ဒီကထွက်သွားချင်လား"
ပျိုး ထိုစကားသံကြောင့် မမဖြူ ကိုကြည့်မိလေသည် ဘာလို့ ဒီစကားကိုဆိုခြင်းမျိုးလဲ ပျိုး မသိ
"ဟင် ဘာလို့မေးတာလဲ မမဖြူ"
"တို့ ဒီအတိုင်းမေးကြည့်တာပါ ဒီအိမ်ကထွက်သွားချင်လားဆိုတာကိုပေါ့"
ပျိုး မမဖြူ ရဲ့အမေးကိုမဖြေခဲ့ တိတ်ဆိတ်နေခဲ့မိတယ် ။ ပျိုး ထွက်မသွားချင်ဘူး ပျိုး မောင် နဲ့ဝေးရာကိုထွက်မသွားချင်တာဆိုပိုမှန်လိမ့်မယ်
ဖြူ ကလေးမလေးကိုကြည့်မိပါတယ် ။ စိတ်ထဲကနေဘဲ ဖြူ ကလေးမလေးနဲ့အတူ အေးအေးချမ်းချမ်း လူတွေနဲ့ကင်းဝေးတဲ့နေရာမှာ နှစ်ယောက်တည်းတိတ်ဆိတ်စွာနေချင်မိတယ်...
"ဒါဖြင့် ထတော့လေ သွားအိပ်ကြရအောင်အချိန်လဲမစောတော့ဘူး"
"ဟုတ်ကဲ့ မမဖြူ"
ပျိုး ရှေ့သွားခဲ့တဲ့ မမဖြူ နောက်ကနေ ပျိုး ဖြေးဖြေးချင်းလိုက်ပါခဲ့ရ၏ ။ မမဖြူ ရဲ့အခန်းထဲရောက်တော့ မောင် ကခုတင်စောင်းတွင် ထိုင်ကာ မမဖြူ ကိုစောင့်နေတယ်ထင်ပါရဲ့ ....
"ဖြူ အကြာကြီးဘာတွေများပြောနေတာလဲ မောင် စောင့်နေတာကြာလှပီ"
"ဒီလိုပါဘဲ ဟိုအကြောင်းဒီအကြောင်းပါမောင်ရယ်"
မောင် က မမဖြူ ရဲ့ခါးလေးကိုဖက်ရင်း မမဖြူ ရဲ့ပုခုံးစွန်းလေးပေါ်ခေါင်းလေးပွတ်ကာချွဲနွဲ့နေ၏ ။ မောင့် အတွက် ထိုသို့ပြုမှုနေတာက ကြည်နူးဖို့ကောင်းပေမဲ့ ပျိုး အတွက်တော့ရင်နာစရာကောင်းလှသည်မောင် ။ မလုပ်စမ်းပါနဲ့ ပျိုး အရှေ့မှာ ပျိုးမဟုတ်တဲ့ တခြားတစ်ယောက်ကို မချွဲနွဲ့စမ်းပါနဲ့မောင် ရယ် ပျိုး မောင့် ကိုဒူးထောက်ပီး ဒီစကားပြောရင်တောင် မောင် ပျိုး ကိုလျစ်လျူရှု့မှာသေချာတယ်....
YOU ARE READING
🔥 မှောင်ရီပျိုး 🔥 [ Ongoing ]
Romance" ဒီပန်းက ဖြူ့အတွက်စိုက်ထားတာမင်းမှာပန်ခွင့်မရှိဘူး " "အဟင့် ဘာလို့လဲ ပျိုးလဲပန်းကြိုက်...." "ပန်းကြိုက်ရအောင်မင်းကပန်းနဲ့တန်လို့လား။ ပီးတော့ ဒီနှင်းဆီပန်းအနီနဲ့မင်းကလိုက်ဘူး ။ ဘာလို့လဲသိလား " "ဟင့်အင်" "အဟက် မင်းကဒွိလိင် တစ်ယောက် ဖြစ်နေလို့လေ"