ဆရာ၀န်ကြီးလာကြည့်သွားပြီးနောက် ခြေထောက်ကို ဆေးသေချာစည်းပေးသွားကာ 1လအတွင်းအခြေအနေပုံမှန်အတိုင်းပြန်ကောင်းလာနိုင်တယ်ဆိုတာကြောင့် အားလုံးသက်ပြင်းမောကြီးချမိသွားတော့သည်။ ခြေထောက်လုပ်ရမဲ့လေ့ကျင့်ခန်းတွေရော ဆေးလိမ်းနည်းတွေပါ ဆရာမလေးတွေက သေချာလာပြပေးသွားတာမို့ အိမ်ပြန်ရင်လည်း ကိုယ့်ဟာကိုယ်လဂရုစိုက်ရုံသာ။ ဆေးရုံမှာတော့ 5ရက်လောက်နေပြီး အသေးလေးချုပ်ရိုးဖြည်ပြီးမှ ဆင်းရမည်။
"စိတ်မပူနဲ့တော့နော်...ဆရာပြောသွားတာကြားတယ်မလား ၁လအတွင်းပြန်ကောင်းလာမှာတဲ့"
"ဟုတ်... အစက ရုတ်တရက်ဆိုတော့ အရမ်းလန့်သွားတာ...တ တစ်သက်လုံးလမ်းပြန်မလျှောက်နိုင်တော့မှာလားဆိုပြီး"
"ဖြစ်စရာလားကွာ...ကိုယ်ပြောပြီးပြီပဲ မင်းကိုဘာမှအဖြစ်မခံဘူး...ခုလည်း စောင့်ကြည့်လို့ဘာမှမထူးရင် ဘန်ကောက်ကိုသွားမယ်"
လပြည့်ကို ကလေးတစ်ယောက်လိုချော့မြူကာ ယောကျာ်းတစ်ယောက်ရဲ့တိကျသေချာတဲ့ ကတိစကားတွေနဲ့ စိတ်အေးစေ၏။ နေ့တစ်ပိုင်းအတွင်းမှာ ကြောက်စိတ်ရော...တုန်လှုပ်တဲ့စိတ်ပါ လုံး၀မရှိတော့တာက ကိုယ့်ကိုကိုယ်ထက် သူ့ကိုပိုယုံမိလို့။
"လပြည့်...ဟေမာန်လည်းရှိတယ်နော် ဘာမှအားမငယ်နဲ့ ကိုကြီးနဲ့ပတ်သက်ပြီးတော်စပ်တဲ့ ယောင်းမအနေနဲ့မဟုတ်ပဲ...လပြည့်သူငယ်ချင်းအနေနဲ့ ဘေးမှာရှိနေတယ်နော်၊ တစ်ခုခုဆိုလည်း ဟေမာန့်ကိုအားမနာပဲခိုင်း "
မတောင်းပဲ ရတဲ့ မေတ္တာတွေဟာ သိပ်ကိုအဖိုးတန်တာပဲ...ဟေမာန်ဟာ ယောင်းမတစ်ယောက်အနေနဲ့ရော သူငယ်ချင်းတစ်ယောက်အနေနဲ့ပါ လပြည့်ဘေးမှာ
အမြဲအဖော်ပြုပေးခဲ့တာ။ သူ့ကိုကြီးနဲ့ ပတ်သက်လို့
ညူစူခြင်းမရှိသလို ၀န်တိုခြင်းကင်းအောင်ထိ သိပ်ကိုဖြူစင်တဲ့ အမျိုးသမီးလေး။"ကျေးဇူးပါ ဟေမာန်ရယ်... လပြည့်အားမငယ်တော့ဘူးသိလား"
သူတို့ကလေးလေး ပြုံးရယ်နေတာမြင်မှ ဒေါ်မူလည်း စိတ်အေးသွားရတော့သည်။ ဒါဟာ ဒီမိသားစုရဲ့
ဖေးမမှုတွေကြောင့်ပဲမလား။
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး
Romanceintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ