31 [Z+U]

84 3 3
                                    

' 99 '
Chapter 31

ရှပ်အင်္ကျီအဖြူ ၊ ဘောင်းဘီအဖြူအပြင် ​ရှူးဖိနပ်အဖြူလေးကိုပါစီးထားသည့်လျှံက တစ်ကိုယ်လုံးဖြူလွင်လွင်နှင့်ရှင်းသန့်ကြည်လင်နေသည် ။ အသားလှသည့်လျှံက လက်ဖမိုးတွေမှာသွေးကြောစိမ်းစိမ်းတွေထင်းနေသည်အထိ အသားကြည်သလို မျက်နှာနုနုမှာ မျက်တောင်ရှည်ကော့ကော့တွေဟာလည်း ထင်ထင်လင်းလင်း။

အရွယ်ရောက်လာခြင်း၏ပြယုဂ်တစ်ခုလေပဲလား... နူးညံ့သည့်အသွင်ရှိသူလျှံဟာ  အရင်နှစ်ကထက် ယောက်ျားဆန်ဆန်ချောမောလာတာကိုလည်း ဝန်ခံရမည် ။ သူ့မှာတော့ဖြင့် ပါးဖောင်းပြည့်ပြည့်တွေကိုပိုင်ဆိုင်ထားပြီး ကလေးပေါက်စတွေနှင့်အတူဆော့ချင်ကဲချင်တုန်းဖြစ်ကာ  လျှံ ရုတ်တရက်ရောက်လာသည့်နေ့များဆိုလျှင် စွပ်ကျယ်ချိုင်းပြတ် ၊ ဂျေဂျေဘောင်းဘီတိုနှင့် စုတ်ပြတ်နေတတ်သည် ။ သို့သော် လျှံကတော့ သူ့ကိုချစ်စရာကောင်းသလို ကြည့်မြဲကြည့်ဆဲဖြစ်၏။

" စာသင်ရတာ အဆင်ပြေလား "
 
" အင်း...ပြေတယ် ။ ကလေးတွေကလည်း ချစ်စရာကောင်းတယ် ရာရာ ။ "

သူတို့အိမ်အနောက်ဘက် ပိတောက်ပင်နှင့်သရက်ပင်တွေအုံ့အုံ့ဆိုင်းဆိုင်းရှိသည့်အရိပ်အောက်မှာ သူနှင့်လျှံ ထိုင်ခုံတစ်ယောက်တစ်လုံးစီနှင့်ထိုင်ဖြစ်ကြသည် ။ သူ့သူငယ်ချင်းတွေက ရှောင်ပေးသည့်သဘောဖြင့် မုန့်စားပြီးကတည်းက ပြန်သွားကြလေပြီ ။

ထိုင်ခုံပေါ်လျော့ရိလျော့ရဲထိုင်နေသည့်လျှံက အကြည့်မလွှဲချင်စရာကောင်းနေပြီး ပိတောက်ပင်ကိုမော့ကြည့်နေသည့်လျှံက မျက်တောင်တစ်ချက်ခတ်တိုင်းမှာ မျက်တောင်နက်နက်တွေဟာလည်း တဖျတ်ဖျတ်နှင့် ထင်ထင်ရှားရှားမြင်ရပါ၏။

တစ်ခါတစ်ရံကျ သူ လျှံနှင့်စေ့စပ်ရခြင်းဟာ မထိုက်တန်ဘူးဟုထင်မိသည် ။ ရုပ်ရည်မှအစ  ၊ ဉာဏ်ရည်ဉာဏ်သွေးမှအဆုံး  ၊ အနေအထိုင်မှ မိသားစုအထိ အစစအရာရာကွာခြားလွန်း၍ လျှံ့ဆီမှ သဘောကျခံရဖို့ဆိုတာမဖြစ်နိုင်ဘူးဟုလည်း အတွေးဝင်မိ၏။

လျှံတို့မိသားစု၏ချမ်းသာကြွယ်ဝပုံ  ၊ မျိုးရိုးကောင်းပုံကိုသူသိရှိနေခဲ့ပြီး အရင်တစ်ခါ လျှံ့သူငယ်ချင်းများနှင့်မတော်တဆဆုံမိတုန်းကဆိုလျှင် သူ့မှာ တအံ့တဩဖြစ်မိသည်အထိ။  ပေါ့ပေါ့ပါးပါးဝတ်စားထားကြပြီး ဟိတ်ဟန်လည်းမရှိကြသည့်တိုင် လျှံတို့သူငယ်ချင်းတစ်သိုက်မှာ မိမိုက်နေပြီးချောမောလွန်းနေကြသလို လူတိုင်းတကြည့်ကြည့်လုပ်ချင်စရာလည်း​ကောင်းလှသည် ။ ထို့အပြင် စီးလာကြသည့်ဆိုင်ကယ်များမှာလည်း ရာရာ တီဗွီထဲမှာသာ မြင်ဖူးခဲ့သော ခပ်မိုက်မိုက်ဆိုင်ကယ်များဖြစ်ပြီး တန်ဖိုးကတော့ သူမှန်းကြည့်၍ရနိုင်မည်တောင်မထင်ပါ။

99 Donde viven las historias. Descúbrelo ahora