25 [Z+U]

91 5 4
                                    

' 99  '
Chapter 25

မင်းသီဟ  အဖေ့ကုမ္ပဏီမှပြန်ရောက်ရောက်ချင်း ခုတင်ပေါ်ဝုန်းခနဲပစ်လှဲလိုက်ပြီး ဖုန်းဖွင့်ကြည့်လိုက်သည်။ အရင်ဆုံးလုပ်မိတာက အင်တာနက်ဖွင့်လို့  facebook ထဲဝင်ပြီး တစ်စုံတစ်ခံ့၏ account ထဲဝင်ကြည့်ခြင်းပင် ။ ခံ့ဆီမှ friend request လက်ခံခြင်းမခံရသေးသောသူ့မှာ follower ဘဝနှင့်နေရတာ တစ်ပတ်တိတိရှိပါပြီ ။ ဘန်ကောက်မှာပျော်နေပုံရသည့်ခံ့ကတော့ ပန်းချီပြခန်းတွေကိုသွားသည့်ပုံများကိုတင်ထားသည် ။ အမြဲတမ်းရှင်းသန့်ပြီး အဝတ်အစားကိုပါသပ်သပ်ရပ်ရပ်ဝတ်တတ်သည့်ခံ့က နောက်ကျောကိုပဲမြင်ရတာတောင် ဖြူဝင်းသည့်အသားအရေနှင့်သန့်ပြန့်နေ၏။

မြတ်မင်းခံ့တို့ပြတ်သားပြီး ဥပေက္ခာပြုနိုင်စွမ်းကို မင်းသီဟတော်တော်ချီးကျူးသည် ။ သူ့အပေါ်ကိုဆို အလျှော့မပေးဘဲ  မပတ်သက်ရလေကောင်းလေဟုတွေးသည့်ခံ့က ပြည့်လျှံနှင့်တော့ friend ဖြစ်ထားပြီး သူ့ကိုကျလက်မခံပေ ။ လက်မခံတော့လည်းမတတ်နိုင်ပေ ။ မအားလို့မကြည့်ဖြစ်တာများလားဟု လိုရာဆွဲတွေးပြီး မင်းသီဟ friend request ပို့ထားသည်ကို cancel လုပ်ပြီး friend ထပ် add လိုက်ပါ၏။
မမြင်သေးပါလျှင်လည်းမြင်သွားပြီး  မြင်လျက်နှင့် မမြင်ချင်ယောင်ဆောင်နေပါလျှင်လည်း ခဏခဏမြင်လျှင် သူ့ request ကို ခံ့လက်ခံနိုင်လောက်ပါရဲ့။

ကိုယ့်အတွေးနှင့်ကိုယ်တော့ဟုတ်နေသည့်မင်းသီဟတစ်ယောက် facebook news feed အပေါ်လျှောက်ဆွဲနေရင်း Kris တင်ထားသည့် video ကိုတွေ့တော့ လက်ညှိုးကိုတန့်ခနဲရပ်ပစ်လိုက်၏။

EG အသစ်တစ်လက်ရထားသည်ဟုပြောသည့် Kris က အခုတစ်လော သိပ်အစွမ်းပြနေသည် ။ ကိုယ့်သူငယ်ချင်းမို့ကိုယ်ပြောတာမဟုတ် ။ Kris က ဘက်စုံတော်သူလို့ပြော၍ရသည် ။ အရပ်မြင့်မြင့်နှင့်ရုပ်ဖြောင့်ပုံက တစ်ခါမြင်ရုံနှင့်တစ်ဖန်ပြန်ကြည့်ချင်လောက်အောင်ခံ့ပြီး တစ်သက်မမေ့မည့်ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားသည် ။ စကားနည်းတတ်သော်လည်း အသံဩရှရှကိုပိုင်ဆိုင်ထားသည့် Kris က အဆိုပိုင်သလို ဂီတတူရိယာတော်တော်များများလည်းတီးတတ်၏ ။ ဘော်လီဘောမှာတော်သလို ဘတ်စ်ကတ်ဘောကိုလည်းကျွမ်းကျင်သူ Kris က  Ice Hockey ကိုလည်း ကောင်းမွန်စွာကစားနိုင်သူပင် ။ ပညာရေးမှာလည်း ထက်လွန်းနေသူမဟုတ်သည့်တိုင် ဉာဏ်ကောင်းသူဖြစ်၍စာရ၏ ။  ယခုလည်း EG ဂီတာကိုတီးနေသည့် Kris က မျက်နှာမပါဘဲနှင့်တောင် သိပ်မိုက်နေသလိုခံစားရသည်။

99 Dove le storie prendono vita. Scoprilo ora