35 [Z+U]

56 4 0
                                    

'99'
Chapter 35

" ဦးလေး ဘာပို့လိုက်တာလဲ "

" iPad "

သူ iPad ကိုကလိနေရာမှ မြှောက်ပြရင်းဆိုလိုက်သည့်အခါ Kris ကပြုံးသည် ။

" လိုချင်တာရသွားတော့ တအားပျော်နေမှာပေါ့ "

သူ မထိန်းမသိမ်းနိုင်စွာပြုံးမိသည့်အခါ Kris က ' ခဏနေ ဆင်းခဲ့တော့ ' ဟုမှာပြီး အခန်းအပြင်သို့ထွက်သွား၏။ ပါပါး၏ဒုတိယလက်ထောက် ညနေကလာပို့ပေးသွားသည့်ပါဆယ်ထုပ်ကလေးဟာ သူ့အပျော်တွေကိုတိုးစေခဲ့သည်။ ပါပါးကို ထို iPad လိုချင်သည်ဟုမပြောဖူးသော်လည်း သူ့ကိုပါပါးဂရုစိုက်သေးပါလားဟူသည့်အတွေးလေးက သူ့မွေးနေ့လေးကိုပြီးပြည့်စုံသွားစေသည်။

သူ့သူငယ်ချင်းတွေနှင့် သူ့တီတီတို့မိသားစုပေးထားသည့်လက်ဆောင်ထုပ်တွေကို အခန်းထောင့်မှာ သေချာစီထားပြီး Kris ပေးထားသည့်လက်ပတ်ကလေးဝတ်ထားသည့်ဘယ်လက်ပါ,ပါအောင် ဓာတ်ပုံရိုက်ယူလိုက်သည် ။ အမှတ်တရတွေကို သူ့မှတ်ဉာဏ်တွေထဲမှ ပျောက်ပျက်မသွားစေချင်သလို ရေးတေးတေးပင်မဖြစ်ရလေအောင် ဓာတ်ပုံရိုက်ယူထားတတ်သည့်သူ့အကျင့်ဟာ မာမားဆုံးပါးသွားကတည်းက အလိုလိုတတ်မြောက်ခဲ့ခြင်းပင်။

" ရှိုင်းထက် !!! လာတော့လို့..."

စူးခနဲထွက်လာသည့်ထိန်လင်းကြည်သာ့အသံမှာ ရှိုင်းထက်တစ်ယောက် အနည်းမျှပင်ဝမ်းနည်းချိန်မရလိုက်ဘဲ ခေါင်းတခါခါနှင့်ရယ်ရင်းသာ ခြံအနောက်ဘက်ကိုဆင်းသွားလိုက်ရသည်။

ကြည်လင်နေသည့်ကောင်းကင်ပြင်မှာ ကြယ်တွေစုံလင်စွာဝန်းရံထားသည့်လမင်း၏အလင်းပျပျလောကကြီးကို အေးမြစွာအလင်းဆောင်နေသည်။ နွေလေပြေကတစ်ချက်ချက်တိုက်ခတ်နေပြီး အစားအသောက်တွေကိုနေရာချနေသည့် သူ့သူငယ်ချင်းလေးယောက်ကတော့ သဘောထားကွဲလွဲစွာ ငြင်းခုံနေကြတုန်းပင်။

" မစားနဲ့ဦးလို့ပြောနေတာကို ပြည့်လျှံရာ အဲဒီနှစ်ကောင်ကို တင်ပါးဆောင့်ကန်လိုက်စမ်းပါ "

" ပြည့်လျှံက ငါတို့နှစ်ယောက်ကိုနိုင်မှာတဲ့လား "

" အေး ပြည့်လျှံမနိုင်ပေမဲ့ ငါတော့နိုင်တယ်နော် စမ်းကြည့်မလား ငါပိတ်ကန်လိုက်ရ "

99 Donde viven las historias. Descúbrelo ahora