' 99 '
Chapter 33" ဟေ့ကောင် ထိန်လင်းကြည်သာ မီးသွေးကို အဲဒီလိုထည့်ချင်တိုင်းလျှောက်ထည့်လို့မရဘူး ။ မလုပ်တတ်ရင်လည်း ငြိမ်ငြိမ်လေးနေပါ့လား ငါနှစ်ခါပြန်လုပ်ရတာမောတယ် ။ "
" မင်းသီဟမျက်နှာကြီးကြည့်ရတာပိုမောလို့ တစ်ယောက်လောက် သူ့မျက်နှာကိုအုပ်ပေးထားပါလားကွာ "
" ပြည့်လျှံက ဘုရားလမ်းခဏဆိုပြီးထွက်သွားတာ တစ်သက်လုံးနေတော့မှာထင်တယ် "
ရှိုင်းထက်၏မှော်ဘီအိမ် ခြံအနောက်ဘက်တွင် Kris ၏အော်ငေါက်သံခပ်ဩဩက ညံစီလို့နေသည် ။ အကင်ဖိုနားမှမောင်းထုတ်ခံလိုက်ရသည့်ကြည်သာက balcony မှာမျောက်မှိုင်,မှိုင်နေသောမင်းသီဟမျက်နှာကို ဆိုဖာအနောက်ဘက်တွင်တင်ထားသည့်စောင်အပါးစနှင့်ဆွဲအုပ်ပစ်၏။ ထို့နောက် ဆိုဖာပေါ်မှာလုံးထွေးပြီး ရန်သတ်နေကြသည့် ကြည်သာနှင့်မင်းသီဟကို ခေါင်းတခါခါနှင့်သာကြည့်မိပြီး ရှိုင်းထက် Kris အနားသို့လျှောက်သွားလိုက်သည် ။
" နိုးပြီလား..."
" အင်း...ဘာကူပေးရမလဲ "
မှော်ဘီဈေးမှပြန်လာပြီး ခြံအနောက်ဘက်မှာ စားသောက်ပွဲလုပ်ရန်စားပွဲတွေခုံတွေ နေရာချပေးပြီးကတည်းက အိပ်ပျော်သွားသည့်သူဟာ မင်းသီဟနှင့်ပြည့်လျှံရောက်လာတာကိုလည်းမသိလိုက်ပါ ။
" စားပွဲကိုပဲ နည်းနည်းကြည့်ကောင်းအောင်ပြင်ပေးပြီး ရေသွားချိုးလိုက်လေ ။ "
" အင်း...တခြားရော..."
" မလိုဘူး ရတယ် ။ ပြည့်လျှံက ဒီတစ်သက်ပြန်ရောလာဦးမှာလားမသိ ။ ဖုန်းဆက်ရအောင်လည်း ဆိုင်ကယ်စီးလာနေမှာစိုးလို့ ။ "
" အင်း... သွားတာကြာပြီလား "
သူ စားပွဲပေါ်ကိုစားပွဲခင်းဖြန့်ခင်းရင်းမေးလိုက်သည့်အခါ Kris က " တစ်နာရီလောက်ရှိပြီ " ဟု ဖြေသည် ။ အကင်ဖိုကို ဆရာကျကျပြင်ဆင်နေသည့် Kris က တစ်ခုခုကိုအာရုံစိုက်လုပ်နေတိုင်း ပိုမိုဆွဲဆောင်မှုရှိပါ၏။
" မင်းအခန်းထဲမှာ ပါဆယ်တစ်ခုတွေ့ခဲ့တယ် ။"
" အာ... အဲဒါက..."
![](https://img.wattpad.com/cover/367932630-288-k256392.jpg)