သို့/ချစ်ရပါသောကောင်ဆိုးလေး(၃၃)

148 12 2
                                    

မိုးသိပ်မချုပ်ခင်ပြန်လာမယ်ဆိုပြီး ညကိုးနာရီကျော်သည်အထိ ပြန်ရောက်မလာသေးသည့် ရန်နိုင်ဦးကြောင့် ရဝေမှာ စိတ်မချဖြစ်ကာ မအိပ်နိုင်ဘဲ
ထိုင်စောင့်နေရသည်။

နဂိုကတည်းက ခြေရှည်တဲ့ ရန်နိုင်ဦးတစ်ယောက် အဖော်တွေနဲ့ ဘယ်ထိများရောက်နေပြန်ပြီမသိ၊ပြန်လာမှကို နောက်တခါဒီလို ညမိုးချုပ်ထိအပြင်မှာ မနေအောက် ပြောထားရဦးမည်။သူ့ကိုတော့ ဘယ်မှာနေနေကိုစိတ်မချရ ၊ကိုယ့်အရပ်ဒေသ မဟုတ်တော့လည်း စိတ်ပူရသလို၊ ကိုယ့်အရပ်ဒေသမှာလဲ ရန်များတဲ့ သူဆိုတော့ ဘယ်သူကများ ချောင်းရိုက်မလဲ ဆိုပြီးစိတ်ပူရ‌သည်။

"ရတယ် ကိုသာလှရဲ့ ၊ကျွန်တော်မမူးပါဘူးဗျာ၊ဒီလောက်ထိဘဲ လိုက်ပို့တော့ ကိုသာလှတို့လည်း အိမ်ပြန်မိုးချုပ်နေပြီ"

"ငါတို့ကို စိတ်မပူနဲ့ မင့်ကမူးနေတာ ၊တော်ကြာလှေကားမှာ ပြုတ်ကျနေလိမ့်မယ်၊ အိမ်ပေါ်ထိ လိုက်ပို့ပေးသွားမယ်"

ရဝေ စောင့်နေရင်းမှ ခြံရှေ့မှာ အာလေးလျှာလေးနဲ့ ပြောနေသည့် ရန်နိုင်ဦးရဲ့ အသံကြားလိုက်ရတာကြောင့် အိမ်အောက်သို့ဆင်းလာခဲ့လိုက်သည်။

လရောင်အားကိုးနဲ့ ‌ခြံရှေ့ကို ကြည့်လိုက်တော့ ကိုသာလှနဲ့ ကိုအောင်ကြီးတို့နှစ်ယောက် ဝိုင်းထိန်းထားတဲ့ကြားမှာ ခေါင်းငိုက်စိုက်နဲ့ သူမမူးကြောင်းပြောနေသည့် ရန်နိုင်ဦး။

ရဝေကတော့ စိတ်ပူနေတာ သူကထန်းတောမှာ သွားသောက်စားပြီး ပျော်ပါးနေသည်ကိုး၊လာစမ်းပါစေ လှေကားကနေကို စောင့်ပြီး ကန်ချပစ်ဦးမယ်။

"ရတယ် ကျွန်တော်ကို ဒီထိဘဲ ပို့တော့၊ အိမ်ထဲဝင်တော့မယ် နောက်ရက်မှ တွေ့ကြမယ်ဗျာ"

"အေးအေး အဲ့ဒါဆိုလည်း ငါတို့ပြန်ပြီကွာ"

"ဂရုစိုက်ပြန်ကြဗျာ"

သူ့အပေါင်းဖော်တွေကို နှုတ်ဆက်ပြီး ခြံတံခါးပိတ်ခါ ယိုင်တိုင်တိုင်နဲ့ အိမ်ထဲဝင်လာတဲ့ ရန်နိုင်ဦးအား ရဝေလွင်ကတော့ လှေကားထိပ်ကနေ ခါးထောက်ရပ်ကြည့်နေသည်။

"ဘယ်သူလဲ ၊လှေကားထိပ်မှာ ပိတ်ရပ်နေတာ လှေကားစောင့်နတ်လား"

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now