ညစာထမင်းဝိုင်းသည် ဟင်းမျိုးစုံနှင့် စိုပြည်နေသည်။ ရေခဲတုံးငယ်များထည့်ထားသော ဖန်ခွက်ထဲမှ ရေခဲရေကို နေသား မော့သောက်လိုက်သည်။
'စားကောင်းရဲ့လား ကို'
'ကောင်းတယ်နွေး... နေ့လည်စာ စားတာ နည်းနည်းနောက်ကျသွားလို့ ရင်ခံနေတာ.. ဒါနဲ့သင်းမာ.. ညီမလေးမွေးနေ့တုန်းက အစ်ကို့ကိုနှုတ်ဆတ်ပေးတဲ့ ကောင်လေးနှစ်ယောက်နဲ့ ဟိုတစ်နေ့က စားသောက်ဆိုင်မှာ တွေ့ဖြစ်သေးတယ်.. သူတို့ကတော့ အစ်ကို့ကိုမတွေ့ဖူးထင်တယ်.. သွားနှုတ်ဆက်ရင်လည်း မှတ်မိမှာ မဟုတ်ဘူးထင်လို့ မနှုတ်ဆက်ဖြစ်ဘူး'
'အားမာန်တို့လား ကိုနေ'
'သြော်.. အေး.. အားမာန်'
နေသား ဟန်ဆောင်ပြုံးလိုက်ကာ စကားစလိုက်သည်။
သူ နွေးကိုချဉ်းကပ်ခဲ့သည့် အဓိကအကြောင်းအရင်းတစ်ခုက နွေးသူငယ်ချင်း သင်းမာနှင့် အားမာန်တို့ကျောင်းနေဖက်များဖြစ်သောကြောင့်သာဖြစ်သည်။ ဆယ်နှစ်တာ ခပ်ဝေးဝေးမှာ နေခဲ့ပေမယ့် သူအားမာန်နောက်မှာ အရိပ်တစ်ခုလို ထပ်ကြပ်မခွာရှိနေခဲ့တာ အားမာန်မသိ။
'ဇေယျနဲ့ အားမာန်ဖြစ်လိမ့်မယ် ကိုနေ.. ဇေယျကခင်ဖို့ကောင်းပါတယ်.. အားမာန်ကသာ တစ်ခါတစ်လေ နားလည်ရခက်တယ်'
'အောင်မလေး မိမာရယ်.. ဒါနဲ့ပဲ နင်က နားလည်ပေးချင်တယ်ဆိုပါတော့'
'မမနော် ဘာတွေလျှောက်ပြောနေတာလဲ'
နွေးစကားကြောင့် သင်းမာရှက်သွားသည်။
ညီအစ်မချင်းမို့ အားမာန်နှင့်ပါတ်သတ်လျှင် သင်းမာပျော့ညံ့ချင်တာကို နွေး ကောင်းကောင်းရိပ်မိသည်။
'မှန်တာကိုပြောတာ မိမာ... နင်မေမေ့ကို စိတ်ညစ်အောင်လုပ်မနေနဲ့ .. ဟိုနင့်မွေးနေ့ကလဲ သူ့ကိုပါဖိတ်တယ်ဆို..'
'မမနော်'
'ဒီညီအစ်မနှစ်ယောက် ဘာတွေပြောနေကြတာလဲ ကိုယ်တော့ ဘာမှနားမလည်တော့ဘူး'
'အဲဒီ မိမာ သူငယ်ချင်း အားမာန်ဆိုတဲ့ကောင်လေးလေ.. မေမေက ဒီကောင်လေးနဲ့ သင်းမာ ပေါင်းတာမကြိုက်ဘူး..'
![](https://img.wattpad.com/cover/86239026-288-k549625.jpg)
YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..