အိမ်ဝင်းထဲ သူရိန်ကားထိုးဝင်လိုက်ချိန်သည် အားမာန်အိမ်တွင်းမှ ထွက်လာချိန်ဖြစ်နေသည်။
ကားကိုအရှိန်ပြင်းပြင်း ဘရိတ်အုပ်ပြီး ကားတံခါးကို လိုသည်ထက်ပို၍ သူရိန် ဆောင့်ပိတ်လိုက်သည်။
'နေသား ဆိုတာ ဘယ်သူလဲ'
'ဘာ'
'နေသား ဆိုတာ ဘယ်သူလဲ.. ခင်ဗျားအသိလား'
'ဘာတွေလာပြောနေတာလဲ သူရိန်. သင်းမာအစ်မရဲ့အမျိုးသားပါလို့ ငါပြောပြီးပြီပဲ....'
'ကျွန်တော် ဒီလူ့ကို နည်းနည်းမှ သဘောမကျဘူး..'
'မင်းသဘောမကျလဲ မင်းနဲ့ဘာမှ ပါတ်သတ်စရာမရှိပါဘူး.. အလကားဒေါသမကြီးစမ်းပါနဲ့'
'ဒါဆို ထွတ်ငယ်နဲ့ဘာဆိုင်လို့ ခင်ဗျားလူကလာပြီး ပါတ်သတ်နေရတာလဲ'
ဒေါသနှင့် အော်လိုက်သော သူရိန်ပင် တုန်လှုပ်သွားခြောက်ခြားသွားသော အားမာန်မျက်နှာကြောင့် ဒေါသများပျောက်ကုန်သည်။ ဘာမှမဟုတ်သည့် ကိစ္စတစ်ခုကို အားမာန်စိတ်ရှုပ်အောင် သူ အကျယ်ချဲ့နေမိပြီလားဟု စဉ်းစားကာ နောင်တရသွားမိသည်။
'မင်းဘာကိုဆိုလိုတာလဲ.... နေသား ထွတ်ငယ်နဲ့ ဘယ်လိုပါတ်သတ်နေတာလဲ'
'ကျွန်တော် စကားပြောလောသွားတာပါ.. ဆောရီး.. အခုထွတ်ငယ်ကို ကျောင်းအပို့ နေသားနဲ့တွေ့ခဲ့လို့.. ဒီလူစကားပြောတာက မာဆတ်ဆတ်နဲ့မို့ နည်းနည်းဒေါသထွက်လာတာ'
အားမာန်စက္ကန့်ပေါင်းများစွာကြာအောင် တိတ်ဆိတ်သွားသည်။
နောက်တစ်ကြိမ် သူရိန့်ကို လှမ်းကြည့်လာသော အားမာန်၏ မျက်လုံးများမှာ အဓိပ္ပါယ်နားလည်ရခက်နေသည်။
'သူ ဘာပြောသွားသေးလဲ'
'လမ်းကြုံလို့ ထွတ်ငယ်နဲ့ကျွန်တော့်ကို ၀င်နှုတ်ဆက်သွားတယ်လို့ ခင်ဗျားကို ပြောခိုင်းလိုက်တယ်.. ခင်ဗျားတို့နှစ်ယောက်က အသိတွေလား'
'ငါသွားတော့မယ်....'
'အားမာန် ကျွန်တော်မေးနေတယ်.. ခင်ဗျားတို့နှစ်ယောက်က အသိတွေလား'
![](https://img.wattpad.com/cover/86239026-288-k549625.jpg)
YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..