အပိုင်း ၆

9.5K 984 38
                                    

ခုတင်ပေါ်ရှိ ခရီးသွားသေတ္တာသည် ဟင်းလင်းပွင့်နေသည်။ ဘာမှမထည့်ရသေး။ ဗီရိုထဲမှ အ၀တ်အစားများကို ဆွဲထုတ်ကာ ခုတင်ပေါ်ပစ်တင်လိုက်သည်။ မနက်ဖြန်မနက် ရန်ကုန် ပြန်ရတော့မည် ဖြစ်သောကြောင့် ဇေယျပြင်ဆင်နေခြင်းဖြစ်သည်။ သိမ်းစရာ သိပ်မရှိသော်လည်း တစ်ခန်းလုံး ဟိုနား ဒီနား ပစ်ထားသမျှ တိုလီမုတ်စများကို လိုက်သိမ်းနေရသည်။ နေ၀င်သွားပြီးပြီဖြစ်သောကြောင့် အလင်းရောင် သိပ်မကျန်ပေမယ့် မီးမထွန်းချင်သောကြောင့် လက်ကျန်အလင်းရောင်နှင့်ပင် လုပ်စရာရှိသည်များကို ပြီးအောင် လုပ်နေခြင်းဖြစ်သည်။

အခန်းတံခါးကို ဖွင့်ထားသော်လည်း တံခါးခေါက်သံကို ကြားရသည်။ မည်သူလဲဆိုတာကို နောက်လှည့်ကြည့်စရာမလို။

'သောက်ပိုတွေ လုပ်မနေနဲ့ ဟိုကောင်။ ၀င်စရာရှိ ၀င်ခဲ့။'

'ဘေဘီ အလုပ်ရှုပ်နေတာလား။'

'ငါလိုး ဘေဘီ။ မင်းကို ငါ သိပ်ကြည်တာမဟုတ်ဘူး ခွေးရ။'

ရယ်သံနှင့်အတူ အားမာန် ခုတင်ပေါ် ခုန်တက်လိုက်သည်။ ဖိနပ်ကို ကန်ချွတ်ပြီး ခေါင်းအုံးကို ပိုက်ထားသည်။

'ဒီကျွန်းတွေက ငါ ခဏခဏ ရောက်ပြီးသားတွေ..'

'ဘာဖြစ်လဲ။ ထပ်သွားရတော့ မင်းသေသွားမှာ စိုးလို့လား။'

ကျွန်းသွားလည်ကြမည်ဟု သဘောတူထားပြီးမှ အားမာန်နှင့် ခိုင်မာ ပါမလာခဲ့။ သိင်္ဂီနှင့် သင်းမာက သူတို့ဘာသာ တတွဲတွဲဖြစ်သောကြောင့် ဇေယျ တစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်နေခဲ့သည်။ လှေသမားလေးမှလွဲပြီး စကားပြောဖော်မရှိ။ ချစ်ရသူသိင်္ဂီကလည်း ဓါတ်ပုံရိုက်ခိုင်းရုံမှလွဲ၍ တစ်နေကုန် သူ့ကို ဂရုမစိုက်သောကြောင့် ပို အသည်းနာရသည်။

'မင်း ဇာတ်လမ်းထွင်လို့ရအောင် ငါ ရှောင်ပေးတာလေကွာ။ ကျေးဇူးမတင်ဘူးလား။'

'လီးပဲကွာ ဟေ့ကောင်..။'

ငိုက်ကျလာသော ဆံပင်များကို သပ်တင်ရင်း အားမာန်ရယ်နေသည်။ ရေချိုးပြီးစဖြစ်သောကြောင့် ရှင်းသန့်နေသော မျက်နှာသည် ဆံပင်နက်ရှည်များကြောင့် အုပ်ဆိုင်းနေသည်။ အလှတရားဟု ပြောနိုင်မည်ဆိုပါလျှင် အားမာန်၏ အလှသည် ထူးခြားသည်။ ခန့်ထည်ခြင်းနှင့် ငြိမ်းချမ်းမှုတို့ အတူယှဥ်တွဲသည်။ ယောက်ျားလေးတစ်ယောက်၏ မာသော၊ ခန့်သော အမူအရာတွင် သွယ်စင်းသော ကိုယ်နေဟန်နှင့် အခြားသူအပေါ် လွှမ်းမိုးနိုင်သော နူးညံ့ခြင်းက စိုးမိုးသည်။ ပန်းတစ်ပွင့်မဟုတ်။ သစ်ပင်မြင့်တစ်ခု မမည်။ ပန်းပွင့်ငယ်များ ‌ေ၀ဆာစွာပွင့်လန်းနေသော ဆာကူရာသစ်ပင်တစ်ပင်လိုပင်။ မည်သူမဆို ထိုအလှတွင် ပျောက်ဆုံးသွားနိုင်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now