Part 20

13.6K 1.2K 3
                                    

'ခွမ်း'

'အို'

ကျောက်ခင်းလမ်းနှင့် ထိမိသောဖန်ခွက်မှာ အစိတ်စိတ်အမွှာမွှာကွဲကာ ၀ီစကီနှင့် ရေခဲရေများ အားမာန်ကိုရော သင်းမာကိုပါ စိုရွှဲသွားကြသည်။

'အိုး အို.. သင်းမာတော့အလှပျက်ကုန်ပါပြီ'

အေးစက်စက် အသံပိုင်ရှင် က အားမာန်နှင့် သင်းမာကြားဝင်ရပ်ကာ ပြောလိုက်သည်။

အားမာန် နောက်ဖက်သို့ အလိုလို ခြေတစ်လှမ်းဆုတ်မိသွားသည်။

မျက်နှာတွင် သွေးမရှိတော့။

သူ့အိပ်မက်ဆိုးများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်။

မြင့်မားသောအရပ်နှင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာက ခန့်ညားသော မျက်နှာနှင့် လိုက်ဖက်လွန်းသည်။ အနောက်တိုင်းဝတ်စုံကို သေသပ်ကျနစွာ ၀တ်ဆင်ထားသည်ပြီး ကုတ်အကျီင်္အိတ်ကပ်မှာ အနီရောင်လက်ကိုင်ပုဝါထောင့်ချွန်းတစ်ခု ရှိနေသည်။ ဂျယ်လီနှင့်သပ်တင်ထားသော ဆံပင်နက်များကြောင့် ကျယ်ပြန့်သောနဖူးနှင့် မျက်နှာကျက ချောမောလွန်းနေသည်။

တစ်ခုပဲရှိသည်။

မျက်လုံးများက မိစ္ဆာကောင်လို အေးစက်ရက်စက်မည့် အငွေ့များရှိနေသည်။

'ရတယ် ဦးနေ.. ဘာမှမဖြစ်ဘူး.. အားမာန်.. ဒါငါ့ခဲအို ဦးနေသားတဲ့.. ဦးနေ. ဒါက သင်းမာသူငယ်ချင်း အားမာန်'

'တွေ့ရတာဝမ်းသာပါတယ် အားမာန် ကိုယ်.. နေသားပါ.. နောက်တွေ့လည်းခေါ်ပေါ့..'

ကမ်းပေးလာသောလက်ကို အားမာန် လှမ်းမယူနိုင်။

နေသား...

အားမာန် တစ်သက်လုံး ထိုလူကို နောက်တစ်ကြိမ် ဘယ်တော့မှ ဆုံစည်းတော့မှာ မဟုတ်ဟု ရူးမိုက်စွာ ယုံကြည်ထားခဲ့သည်။

'ဦးနေတို့ စကားပြောနှင့်ဦး.. သင်းမာအကျီင်္သွားလဲလိုက်ဦးမယ်'

သင်းမာ အားမာန်မျက်လုံးမှ ထိန့်လန့်ကြောက်ရွံ့မှုများကို သတိထားမိဟန်မတူ။ အိမ်ဘက်သို့အပြေးထွက်သွားသည်။

'မင်း လက်ရှသွားသေးလား အားမာန်'

ကြောက်ရွံ့ဖွယ် အပြုံးတစ်ခုနှင့် နေသား မေးလိုက်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now