Part 31

12.9K 1.1K 8
                                        

မည်းနေသော မိုးသားမိုးတိမ်များက ကောင်းကင်တစ်ခုလုံးကို နေရာယူလို့ထားသည်။

တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းဝှေ့လိုက်သော လေပွေတစ်ခုကြောင့် သစ်ကိုင်းချင်းပွတ်တိုက်သံများ မကြာခဏကြားနေရသည်။

ပိန်းပိတ်အောင် မှောင်နေသော မနက်ခင်းတစ်ခုလို သူရိန့်စိတ်တွေ ထိုင်းမှိုင်းလို့နေသည်။ သူ ဘာတွေဖြစ်နေသည်မသိ။ အားမာန်တစ်ယောက် တစ်နေ့ထက်တစ်နေ့ သူနှင့်ဝေးရာကို ခြေလှမ်းမှန်မှန် လျှောက်ခွာထွက်သွား နေသည်ဟု အလိုလိုထင်နေမိသည်။

သူကြောက်မိသည်။

အားမာန်ကို သူ အရမ်းချစ်နေမိပြီဆိုတာကို နားလည်မိချိန်တွင် လက်လွတ်ဆုံးရှုံးလိုက်ရမည်ကို သူ ပြောမပြနိုင်လောက်အောင် ကြောက်နေမိသည်။

ညက အားမာန် အိမ်ပြန်မလာခဲ့။ တစ်ရေးလောက်ပင် အိပ်လို့မရအောင် သူရိန့်စိတ်တွေပူနေမိသည်။ လက်ကိုင်ဖုန်းကို ခေါ်ကြည့်ဖို့ အကြိမ်တစ်ရာလောက် ကြိုးစားကြည့်ပေမယ့် သူ သတ္တိမှရှိခဲ့။

သူရိန့်မှာ အားမာန်ကို ဘယ်သွားနေတာလဲဟုပင် မေးခွင့်မရှိပါ။

သူနှင့် အားမာန်က ဘာလဲ။

သူငယ်ချင်းတစ်ယောက်မဟုတ်သလို ဆွေမျိုးသားချင်းလဲ မဟုတ်သော သူရိန့်ကို အားမာန် ဘယ်လိုနာမည်တပ်မှာလဲ။

အိမ်အပြင်မှ ကားရပ်သံတစ်ခုကြောင့် သူရိန် အသိပြန်ဝင်လာသည်။ ချက်ချင်းဆိုသလို စားပွဲပေါ်မှ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ဆွဲဖွင့်ပြီး စာဖတ်ချင်ယောင်စောင်နေလိုက်သည်။ သော့မခတ်ထားသော အိမ်ရှေ့တံခါးကို အားမာန် တွင်းဖွင့်ဝင်လာချိန်ကို သူရိန်စိတ်မောစွာ စောင့်နေမိသည်။

အားမာန် အိမ်ရှေ့ဧည့်ခန်းမှ သူရိန်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်မို့ ခြေလှမ်းတုံ့သွားသည်။

'အစောကြီး နိုးနေလား သူရိန်'

မနက်ခြောက်နာရီဆိုသော အချိန်သည် စောပါသေးသည်။ ဒါပေမယ့် တစ်ညလုံး မအိပ်ဖြစ်သည့် သူရိန့်အတွက်တော့ အရမ်းကိုနောက်ကျနေသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now