Part 12

13.2K 1.3K 1
                                    

'ဦးဦး.. ဟိုမှာရွက်လှေလေး'

ထွတ်ငယ်အော်သံကြောင့် ခေါင်းငိုက်စိုက်လျှောက်လာရာမှ သူရိန် ခြေလှမ်း တုံ့သွားမိသည်။ မဖြစ်နိုင်ပါဘူးဟု တွေးမိပေမယ့် ခပ်လှမ်းလှမ်းမှ ရွက်လှေဖြူသည် အားမာန့်ရဲ့လှေမှန်း သူသိသည်။

သူနှင့်အားမာန် ထိုညကတည်းက မတွေ့ဖြစ်တော့။

ဒီနေရာဘက်ကို တမင်သက်သက် သူရိန်ရှောင်နေမိ၍လည်းဖြစ်သည်။ ဒီနေ့မှ စိတ်ညစ်လွန်းစွာ အားမာန်ရှိနေလောက်သည်ကိုမေ့ကာ လျှောက်လာခဲ့မိသည်။ တကယ်ပင် သူအားမာန်နှင့်မတွေ့ချင်။ သူ့ဘ၀မှာ ဒီအတိုင်းနှင့်ပင် ရှုပ်ထွေးလှပြီဖြစ်သည်။

ထွတ်ငယ်ကိုလှမ်းတားလိုက်ချင်ပေမယ့် အသစ်အဆန်း ရွက်လှေကို မြင်ဖူးချင်သော ကလေးမို့ ရှေ့မှပြေးထွက်သွားပြီဖြစ်သည်။

သူရိန် ဘာမှမတတ်နိုင်တော့။

ကျောက်ဆောင်အကျော်တွင် ထွတ်ငယ်နှင့်အားမာန်ကိုတွေ့လိုက်ရသည်။

'ထွတ်ငယ်'

ထွတ်ငယ် သူရိန့်ထံပြန်ပြေးလာသည်။

'ကလေးက မင်းနဲ့... ရုပ်ချင်းဆင်လိုက်တာ'

'ဦးဦးက သားဦးလေးပဲဟာ.. တူမှာပေါ့'

ထွတ်ငယ်က သူရိန့်အစားဝင်ဖြေလိုက်သည်။

ထို့နောက်ဘောလုံးကို လှမ်းကန်ကာ ဘောလုံးနောက်ပြေးလိုက်သွားပြန်သည်။ သူ အားမာန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာပြောရမှန်းမသိ နှုတ်ဆိတ်နေမိသည်။ ထိုနေ့မနက်က သူနိုးလာတော့ အားမာန်ရှိမနေ။ သူ ဇေယျကိုသာ နှုတ်ဆက်ကာ ပြန်လာဖြစ်ခဲ့သည်။ စာမေးပွဲနီးကြောင်း အကြောင်းပြကာ ဆိုက္ကားနင်းလည်း မထွက်တော့ဘဲ သူဟိုတယ်ဇုံဘက်ကို ဝေးဝေးရှောင်နေခဲ့သည်။

'ရှောင်လှချည်လား သူရိန်.. ဒီနေ့မှမတွေ့ရရင် ငါလက်လျှော့လိုက်တော့မလို့'

အားမာန်ခပ်ပြုံးပြုံးပြောလာတော့ သူရိန်စိတ်ညစ်သွားသည်။

တကယ်တမ်း အားမာန်ကို သူရှောင်နေပေမယ့် အားမာန်က သူ့ကိုတကူးတက လိုက်ရှာနေလိမ့်မည်ဟုတော့ မထင်ထားခဲ့။ သူရှောင်သည်က မတော်တဆ တိုက်ဆိုင်စွာ ပြန်တွေ့သွားမည်ကို ရှောင်ခြင်းဖြစ်သည်။

ပင်လယ်နဲ့လှေငယ်Tempat cerita menjadi hidup. Temukan sekarang