သင်းမာတို့ခြံသို့ သူ တို့ရောက်ချိန်တွင် အမှောင်ပင် သန်းစပြုနေပြီဖြစ်သည်။
ထိန်ညီးနေသော မီးများနှင့် တီးဝိုင်းမှ ဂီတသံများကြောင့် မွေးနေ့ပါတီမှာ စည်ကားနေဆဲဖြစ်သည်။ သင်းမာက ရွှေရောင်ဝတ်စုံနှင့် လှချင်တိုင်းလှနေသည်။ သေးသွယ်ပြေပြစ်သော ကိုယ်ခန္ဓာမှာ ရွှေရောင်အသားအိအိ ဂါဝန်ရှည်နှင့် ထင်းထင်းပေါ်လို့နေသည်။ အတန်ငယ်ဟိုက်သော အကျီလည်ပင်းထက်မှာ ရွှေဆွဲကြိုးမျှင်မျှင်လေးက ထင်းနေသည်။ သင်းမာဒီလောက်လှတာကို တစ်ခါမှအားမာန်သတိမထားမိ။
မိုးရေတ၀သောက်ရ၍ လန်းဆန်းစွာဖူးပွင့်လာသည့်ရွှေရောင်ပန်းပွင့်လေးတစ်ပွင့်နှင့်တူနေသည်။
'နင်တို့ကလဲ နောက်ကျလိုက်တာ..'
'ဒီကောင် အားမာန်ကြောင့် သင်းမာ..ဒါနဲ့ သိဂီင်္ရော.. ရောက်ပြီလား'
'နင်ကတော့ ရောက်တာနဲ့ သိဂီင့်္ပဲမေးတော့တာပဲ.. ရောက်နေပါပြီရှင်.. ဟိုဖက်မှာ'
သင်းမာ ဇေယျကိုမျက်စောင်းထိုးပြီး ပြောလိုက်သည်။
'Happy Birthday သင်းမာ'
အလာလမ်းမှာ ပန်းဆိုင်တစ်ခုရှေ့မှာ ကားရပ်ခိုင်းပြီး အမြန်ဆင်းဝယ်ခဲ့သော ပန်းစည်းကို သင်းမာလက်ထဲကမ်းပေးကာ အားမာန်ပြောလိုက်သည်။
'ကျေးဇူးပဲ အားမာန်'
'Happy Birthday မမသင်း'
အားမာန်ကိုယ့်နားကိုပင် ကိုယ်မယုံနိုင်လောက်အောင် သူရိန့်ကို လှမ်းကြည့်လိုက်သည်။ အနီရောင် ကတ္တီပါအိတ်လေးတစ်ခုကို သင်းမာလက်ထဲထည့်ပေးလိုက်သည့် သူရိန့်ကိုတွေ့လိုက်ရသည်မို့ သူနားကြားမမှားတာ သေချာပါသည်။
'Thankyou သူရိန်.. ဟယ်.. ချစ်စရာလေး..'
ကတ္တီပါအိတ်လေးထဲမှ ကမာဆွဲကြိုးလေးကို သင်းမာထုတ်ကြည့်ကာ ပြုံးရွှင်စွာပြောလာသည်။
'လာ.. သူရိန်... မင်းလာရင် သူ့ဆီခေါ်ခဲ့ဆိုပြီး သိဂီင်္ မမကိုအမိန့်ပေးထားတယ်'
ပါးခြိုက်ပေါ်အောင်ပြုံးရင်း သင်းမာ သူရိန်လက်ကိုဆွဲကာ အားမာန်တို့နားမှ ထွက်သွားသည်။

ESTÁS LEYENDO
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..