အခန်း(၁)

19.2K 641 44
                                    

#Unicode#

မိုး‌ရာသီကုန်ဆုံး၍ ဆောင်းအကူးတို့ ရောက်ခဲ့ပြီလေ။ ဆယ်တန်း စာမေးပွဲကြီးမှာလဲ ပြီးသွားသဖြင့် အောင်စာရင်းတွေ ထွက်လာခဲ့ပြီ။ ပိုင်ဇေထွဋ် အောင်စာရင်း ကြည့်ရန် အတွက် သူငယ်ချင်းနှင့် အတူ ကျောင်းသို့ ချီတက်လာခဲ့လေ၏။

အောင်စာရင်း စာရွက် ကပ်ထားသော ကျောက်သင်ပုန်းရှေ့တွင် လူအများ ကျိတ်ကျိတ် တိုးနေ‌တော့သည်။ ပိုင်ဇေထွဋ်တို့ နောက်ကျခြင်း မဟုတ်၊ လူအုပ်ကြီး‌တွေက‌ စောရောက်ပြီး အုံနေကြတော့တာ။ လူအများ ဝိုင်းအုံနေကြသော်လည်း ပိုင်‌ဇေထွဋ် တစ်‌ယောက် အတင်း တိုးဝှေ့ကာ အောင်စာရင်း ကပ်ထားသော ကျောက်သင်ပုန်း‌ ရှေ့သို့ ရောက်အောင်သွားပြီး ကိုယ့်နာမည်ကို ပျာတိပျာယာဖြင့် ရှာနေလေသည်။

စိတ်လှုပ်ရှား နေသောကြောင့် ပိုင်ဇေထွဋ် ကိုယ့်နာမည်ကို ရှာမတွေ့‌တော့ဘူး ဆိုကာ စိတ်ရှုပ်လာတော့သည်။ မျက်ရည် စလေးများ ထွက်လာပြီး ငိုချင် တယောင်ယောင် ဖြစ်လာ‌လေပြီ။ ရှာရင်းနဲ့ နောက်ဆုံးတော့ ကိုယ့်နာမည်ကို ရှာတွေ့သွားတော့လေ၏။ ဂုဏ်ထူးဆိုတဲ့ နေရာလေးမှာ ရူပဗေဒဆိုပြီး ရေးထားတော့ ပိုင် တစ်ယောက် အပျော်ကြီး ပျော်နေရှာတော့သည်။

ဒီလိုနဲ့ ပိုင်ဇေထွဋ် သူငယ်ချင်းတွေကို မစောင့်ဘဲ အိမ်ကို ပြေးသွား‌ လေသည်။ အိမ်ထဲတောင် မရောက်သေး ပျော်လွန်းတာကြောင့် အိမ်ပေါက်ဝကနေ အမေဖြစ်သူကို လှမ်းခေါ်တော့သည်။

ဒေါ်ခင်စောမှာ ကိုယ့်သား အော်ခေါ်သံကြောင့် အိမ်ပြင်ကို ကမန်းကတန်းနဲ့ ထွက်လာ‌လေသည်။

ပိုင်ဇေထွဋ် အ‌မေဖြစ်သူကို တွေ့သွားတော့ အမေဆီကို ပြေးသွားလိုက်ပြီး ဖက်လိုက်‌သည်။ ဒေါ်ခင်စောမှာ ဖက်ထားတာကနေ ရုန်းလိုက်ပြီး သားဖြစ်သူ ပခုံးကို ကိုင်လိုက်တော့သည်။ ပြီးနောက် သက်ပြင်းချပြီး မေးတော့၏။

"ဘယ်လိုလဲ သား"

"အမေ...အမေ....သားအောင်တယ်" ပိုင်ဇေထွဋ် ပြုံးရင်း ဖြေလိုက်သည်။

"ဟုတ်လား......ဒါဆို ဂုဏ်ထူးကောပါလားသား" ဒေါ်ခင်စော စိတ်လှုပ်ရှားစွာဖြင့် ထပ်မေးပြန်သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now