အခန်း(၂၅)

1.9K 110 1
                                    

#Unicode#

ဧပြီလရဲ့ လ၀က်ကိုရောက်နေပြီလေ။ နောက်လဆိုရင် ပိုင်တို့ ကျောင်းသွားရတော့မယ်လေ။ ခုသူငယ်ချင်းက မန္တလေး မသွားခင် တွေ့ရအောင်ဆိုလို့ ပိုင်နဲ့ ပိုင်သူငယ်ချင်းတို့ cafeဆိုင်မှာ ထိုင်ရင်း တစ်ခြားသူတွေ အလာကို စောင့်နေကြတာလေ။ Cafeမှာ Ariana Grande ရဲ့ “Just a little bit of your heart”  သီချင်းလေးက ဆိုင်ထဲမှာ ပျံ့လွင့်လို့နေတယ်လေ။ အသံလေးက ခပ်တိုးတိုးနဲ့ သီချင်းက အဆွေးလေးဆိုတော့ နားထောင်တဲ့သူတွေ လွမ်းနာကျရတာပေါ့။

"ပိုင်....ပိုင်.....ဟျောင့် ပိုင်ဇေထွဋ်" လို့ ခေါ်လိုက်တဲ့ အသံကိုကြားတော့ ပိုင် သူငယ်ချင်းကို မော့ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"အော်…..အင်း ပြောလေ မင်းသန့်ဝေ"

"ငါ ဒီလောက်ထိခေါ်တာ မကြားရအောင် ဘာတွေငေးနေတာလဲ"

"အော် ဘာမှမဟုတ်ပါဘူး…….ဒီအတိုင်း သီချင်းထဲ အာရုံရောက်သွားလို့ပါ" ပြောရင်း ပိုင် ကော်ဖီ သောက်နေလေသည်။

"အေးပါ…..ဒါနဲ့ ငါမင်းကို မေးစရာရှိတယ်……မင်း ရည်းစားရနေပြီလား"

"အဟွတ် ဟွတ်"ဆိုပြီး ပိုင် coffee တောင် သီးသွားတယ်လေ။
Cafe မှာ တစ်ခြားလူမရှိလို့ တော်သေးတာပေါ့။ ဒီနေ့ တွေ့ရအောင်ဆိုလို့ ပိုင့်သူငယ်ချင်း"မင်းသန့်ဝေ" က သူ့အစ်မဆိုင်မှာ လူစုကြမယ် ပြောလို့ ပိုင်က စောရောက်နေတာလေ။

"မင်းကို ဘယ်သူပြောတာလဲ"လို့ ပိုင် မေးလိုက်တော့

"ဘယ်သူမှ မဟုတ်ဘူး… ခုနက မင်းကိုကြည့်နေတာ မင်းပုံစံက သီချင်းလေး နားထောင်ရင်း တစ်ယောက်ယောက်ကို လွမ်းနာကျတဲ့ ပုံဖြစ်နေလို့ကွ"

"အော် ဟုတ်လား…… ရှိတော့ရှိတယ် ဒါပေမဲ့"

ပိုင် စကားတောင် မဆုံးသေးဘူး မင်းခန့်ဝေက စကားဖြတ်ပြောတော့သည်။

"ဘာလဲ ဟိုတစ်ခေါက် မူဆယ်လာသွားတဲ့တစ်ယောက်လား"
ပိုင်က မဟုတ်ဘူး ဆိုတာကို ပြန်ပြောမလို့ဘဲ။ ဒါပေမဲ့ သူက လက်ဦးမှု ရယူပြီး ထပ်ပြောနေတော့တာလေ။

"မင်းကလည်း ငါနားလည်ပါတယ် ဒီခေတ်ကြီးထဲမှာ ဒီလို ကိစ္စတွေက ကိုယ့်ဆီမှာ ဖြစ်ချင်ဖြစ်၊ မဖြစ်ရင်။ကိုယ့်သူငယ်ချင်းတွေမှာ ဖြစ်ကြတာဘဲလေ၊ ငါတောင် မန်းလေးမှာ သွားနေလာတော့ ဒီလိုမျိုး LGBT တွေကို ထောက်ခံလာတယ်လေ။ ပြီးတော့ ငါတောင် ဟိုတစ်လောက မင်းတင်ထားတဲ့ ပို့စ်ကိုတွေ့ပြီး ဝင်ကြည့်လိုက်သေးတယ်။ ဒါပေမဲ့ မင်းနဲ့ နှစ်ယောက်ထဲ ရိုက်ထားတဲ့ ပို့စ်က မန့်တွေများနေတာနဲ့ ဝင်ဖတ်ကြည့်လိုက်တော့ fujoushi မမတွေ မန့်ထားတာ ဖတ်လိုက်မှ ငါတောင်သပေါက်သွားတာ….con. con ပိုင်"

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now