အခန်း(၂၈)

1.7K 105 5
                                    

#Unicode#

"ပိုင်....."

"ပိုင်......"

"ခဏစောင့်အုန်းလေ.....ဘာလို့ အလောတကြီး သွားနေတာလဲ"

နောက်ကနေ လိုက်ပြီး သျှန် အော်ပြောနေသော်လည်း ပိုင် တစ်ယောက် မကြားချင်ယောင်ဆောင်‌ကာ ရှေ့ကိုဘဲ ဆက်လျှောက်နေလေသည်။ သျှန်လည်း အမြန်ပြေးလိုက်လာပြီး ပိုင့်ရဲ့ အရှေ့နားကနေ ပိတ်ရပ်လိုက်တော့သည်။ ပြီးတော့

"ပိုင် ဘာလို့ အမြန်ကြီး ထသွားတာလဲ။ သူငယ်ချင်းတွေကို
မစောင့်ဘဲနဲ့" ဆိုပြီး သျှန် အမောတကောနဲ့ ပြောနေတယ်လေ။

"ပိုင်ဘာမှမဖြစ်ပါဘူး.....ဒီအတိုင်း အတန်းထဲ စောစော သွားချင်လို့" ဆိုပြီး မျက်နှာထား ခပ်တည်တည်နဲ့ ပြောလိုက်သည်။

"ဟုတ်လို့လား.... ပိုင် ကိုယ့်ကို စိတ်ဆိုးနေတာ မဟုတ်ဘူးလား"

"မဟုတ်ပါဘူး...... ဖယ်တော့ အတန်းသွားတော့မယ်" ဆိုပြီး သူ့တိုတွန်းကာ ပိုင်ရှေ့ကနေ ထပ်သွားလိုက်တော့သည်။

ဒါပေမဲ့ "မသာကြီး ကိုယ့်အမှားကို မသိဘူး။ ဘာတဲ့ စိတ်ဆိုးနေတာလားတဲ့။ ကြည့်တာနဲ့မသိဘူးလား။ လူတစ်ယောက်လုံး ရှေ့မှာထားပြီး ဟိုqueenမကို ပြောနေတာများ" ဆိုပြီး စိတ်ထဲကနေ မကျေမနပ်နှင့် ပြောနေလေသည်။ သူကတော့ သိတောင်မသိဘူး။

ပိုင် ကျောင်းရဲ့ ရင်ပြင်ကို ရောက်တော့ သျှန်က နောက်ကနေ လက်လာကိုင်ပြီး
"ပိုင်ကလည်း စိတ်မဆိုးနဲ့တော့နော်"ဆိုပြီး ချွဲနွဲ့ပြီး ပြောနေတာ တစ်ခြားလူမြင်ရင် ချစ်သူတွေလို့ထင်တော့မယ်လေ။ အော်.....မေ့လို့ ခုလည်း ချစ်သူတွေဘဲဆိုတာ။

ပြီးတော့ သူက ပိုင့်ကို ဘယ်သူမှမရှိတဲ့ ဟောခန်းမနားကို ဆွဲခေါ်သွားတော့သည်။ ဟိုရောက်တော့ ပိုင့်ကို ဖက်ပြီး

"စိတ်ဆိုးပြေတော့နော်.....ပိုင်စိတ်ဆိုးရင် မနေနိုင်လို့ပါ... စိတ်ဆိုးပြေတော့နော်.....နော်လို့" ဆိုပြီး ကလေးလေး တစ်ယောက်လို ကျီတွန်ပြီး ပြောနေတော့ ပိုင်လည်း စိတ်မထိန်းနိုင်ဘဲ

"အွန်း" လို့သာ ဖြေလိုက်ရတော့တာပေါ့။

အဲ့တာနဲ့ သျှန်က "ခဏက ဘာလို့ စိတ်ဆိုးတာလဲ" လို့ မေးလေတော့သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now