အခန်း(၂)

9.8K 421 10
                                    

#Unicode#

Class A မှာစည်းကမ်းချက်တွေ ပြောပြီးလို့ ပိုင်တို့ အခန်းကို ရောက်လာတယ်နဲ့ တူသည်။ ဒါနဲ့ ပိုင်လည်း မော်ကွန်းထိန်း ပြောနေတဲ့ စည်းကမ်းချက်ကို နားထောင်‌နေလိုက်တာပေါ့။ ပိုင်တစ်‌ယောက် နားထောင်နေရင်း အခန်းကို စပ်စုချင်တာကြောင့် ဘေးဘီကို လှည့်ကြည့်လိုက်သည်။။ အနောက်တန်းမှာ ထိုင်ပြီး ဘောဘင်ကို လှည့်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

သူ့ပုံစံက မော်ကွန်းထိန်း ပြောနေတာကို ဂရုတောင်မစိုက်၊ ဘေးက ဘောပင်ကိုတောင် ယူပြီး ဆော့နေသေးတာ။ သူ့ကိုသူ မော်ကွန်းထိန်း သားများ ထင်နေလား မသိ။ ပိုင်ကြည့်နေတာ သူတွေ့သွားတယ် တူပါရဲ့။ ပိုင့်ကို ပြန်ကြည့်နေတော့တာ။ ဒါနဲ့ ပိုင်လည်း အရှေ့ကို အမြန်လေး ပြန်လှည့်လိုက်တော့သည်။

သူ့ပုံစံက မိန်းကလေးတွေ အကြိုက်ပုံစံလေ။ ရုပ်ရည်က သန့်သန့်နဲ့ ဆံပင်ကို အနောက် လှန်ဖြီးထားတာ။ ခုခေတ် မော်ဒယ်ပုံစံနဲ့ ခပ်ဆင်ဆင်လေးဘဲ။ သူ့ကို ကြည့်နေမိတာကလည်း ဘာရယ် မဟုတ်။ တစ်ခန်းလုံးက စည်းကမ်းချက် လိုက်နားထောင် နေတာကို သူက လုပ်ချင်တာ လုပ်နေတော့ သူ့ကို အာရုံစိုက်မိသွားတော့တာ။

ပိုင်က LGBT ကို ဆယ်တန်းပြီးခါမှ ကြားဖူးတာ။ ခုခေတ်က လိင်တူ ကြိုက်တာ ဆိုလားဘဲ ခေတ်စားလာတယ်လေ။ ပြီးတော့ပိုင်က ကိုယ့်ကိုယ်ကို supporterလို့ ထင်ထားခဲ့တာ။ အမှန်တော့ ကောင်လေး ချောချော‌လေး မြင်ရင် လိုက်ငေးနေမိတာ။ အဲ့တာ ဘာဖြစ်တာလဲလို့ ဟိုနှစ်‌ယောက်ကို မေးတော့ အွမ်က uke ဆိုဘယ်လိုမျိုး၊ seme ဆို ဘယ်လိုမျိုး ဆိုပြီး ပိုင့်ကို အားကြိုးမာန်တက်နှင့် ရှင်းပြတော့တာဘဲ‌လေ။

အိမ်နားလေးက အမတွေကလဲ ပိုင်ကိုကြည့်ပြီး "ငါ့ukeလေးဟဲ့ မထိနဲ့" ဆိုပြီး ပြောပြောကြတာ။ ပိုင်လည်း သူ့ကိုကြည့်နေမိတာ ကြာလာတော့ ရှေ့ကို ပြန်လှည့်လိုက်ပြီး မော်ကွန်းထိန်း ပြောနေတာကိုဘဲ အာရုံစိုက်လိုက်တော့တာပေါ့။

"အဲ့ကောင်ကဘာလဲ ငါ့ကိုများ ဘုကြည့်လာကြည့်နေတာ။ ဘာလဲငါကများ တစ်ခုခု ဖြစ်နေလို့လား" ပြည့်ဖြိုးသျှန် ဘောဘင်လှည့်ကာ တွေးနေလေသည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now