အခန်း(၃)

7.1K 341 16
                                    

#Unicode#

ပြည့်ဖြိုးသျှန် ကျောင်းကနေ အိမ်အပြန် ဆိုင်ကယ်မောင်းနေရင်း "ဟင် ပိုင်ဇေထွဠ်တဲ့လား နာမည်နဲ့ကိုမလိုက်ဘူး" လို့ ရေရွတ်လိုက်သည်။ ရုပ်က ကလေးရုပ်နဲ့ နာမည်ကလည်း လူကြီးနာမည်နဲ့  ဆိုပြီး တွေးကာ ပြုံးနေတော့သည်။

ဘေးကနေ ဆိုင်ကယ်တစ်စီး ဖြတ်မောင်းသွားသောကြောင့်  ပြည့်ဖြိုးသျှန် လန့်သွားကာ ဆိုင်ကယ်ကို လမ်းဘေးနားသို့ ထိုးရပ်လိုက်သည်။ မထင်မှတ်ဘဲ စိတ်က အလိုလိုတွေးကာ ပြုံးလိုက်ခြင်းကြောင့် ပြည့်ဖြိုးသျှန် တစ်ယောက် ကိုယ့်ကိုယ်ကို အံ့ဩနေလေ၏။ မဖြစ်ဘူး ဆိုင်ကယ်မောင်းတာကိုဘဲ အာရုံစိုက်ရမယ် ဆိုကာ ဆိုင်ကယ်ကို စက်နိုးလိုက်ကာ မောင်းသွားလေတော့သည်။

တနင်္လာနေ့ ရောက်တော့ မေဂျာတွေ ခွဲပေးကြပြီလေ။ ပေါင်းကူးဆိုပြီး တက်လိုက်တာ တစ်ပတ်‌တော့ ကြာသွားတာပေါ့။ မေဂျာခွဲတော့ ပိုင်နဲ့ အွမ်ယိင်းက ECမေဂျာကိုရတာ။  ဟိုကောင် ကျော်ကြီးက ECမေဂျာကို အမှတ်မှီပါရက်နဲ့ စိတ်မဝင်စားဘူးဆိုကာ EPမေဂျာကို လျှောက်တာတဲ့လေ။ ဒါကြောင့် ကျော်ကြီးက EPမေဂျာရောက်သွားပြီး လူစုကွဲသွားတာပေါ့။

ဒီလိုနဲ့ ကိုယ့်မေဂျာအခန်းကို ကိုယ်စီဝင်ကြရတာပေါ့။ ပိုင်တို့ အခန်းနဲ့ ကျော်ကြီးတို့အခန်းက ကပ်လျက်ဘဲလေ။ အမှတ်အတိုင်း အစဉ်လိုက် အခန်းတွေကို ခွဲထားလို့ဘဲပေါ့။  လားရှိုးနည်းပညာ တက္ကသိုလ်မှာက Civilကအမှတ်အများဆုံး၊ ဒုတိယက EC (Electronic Communication)မေဂျာ၊ တတိယက EP (Electrical power)မေဂျာ၊ နောက်ဆုံးကတော့ MP (Mechanical power) ဆိုပြီး အခန်းတွေကလဲ အဲ့ဒီလိုဘဲ အစဉ်လိုက်ခွဲသွားတာလေ။

ထိုနေ့က မသိတဲ့သူတွေနဲ့ ခင်လိုက်ရသည်။ အွမ်ယိင်းတောင် သူငယ်ချင်းအသစ် တွေရနေပြီ။ ပိုင်ကတော့ ကိုယ့်ကိုယ်ကို တစ်ယောက်ထဲ နေနေတာ။ ထိုချိန် နောက်ကနေ "ဟိတ် ဟိတ်"လို့ ခေါ်သံအကြားတော့ ပိုင် အနောက်ကို လှည့်ကြည့်လိုက်သည်။ ပိုင်လှည့်လာတော့ ပြုံးပြနေတော့တာ။ ပေါင်းကူးတက်တုန်းက သူ့ကို တစ်ခါမှ မမြင်ဘူးတော့ ပိုင်လည်း ဒီအတိုင်း ပြန်ပြုံးပြလိုက်သည်။

သူသာကျွန်တော့်ရဲ့"ချစ်ရသော"(My Lovely)[Complete]Where stories live. Discover now